ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီမှ “How many dead bodies UN need to take action” စာသားကိုကိုင်ဆောင်ပြီး မီးရှို့ခံရတဲ့မီးလောင်ပြင်တစ်ခု၌ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှ မရပ်တည်ဘဲ မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန်အတွက်တိုက်တွန်းကာ သပိတ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဓာတ်ပုံ-AungKhantZaw