အေးစိ/ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဩဂုတ်လ ၁၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၉၅၀၀ ကျော်ဟာ ၁ နှစ်ကျော်တဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

၂၀၂၁ ခုနှစ် မေလပိုင်းစတင်ကာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား နှစ်ဖက်အပြန်အလှန်တိုက် ခိုက်မှုတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူ ၂ သောင်းနီးပါဟာ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတာလို့ မင်းတပ်မြို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူထံမှ သိရပါတယ်။

“စစ်ဘေးရှောင်ကာလမှာ ဆေးဝါး၊ စားနပ်ရိက္ခာက အဓိကဖြစ်ပါတယ် မိုးတွင်းဆိုတော့ ဖွတ်ထားတဲ့ဆန်တွေလည်း မိုးရေစိုလို့ ပျက်စီးကုန်တယ် ဆိုတော့ ပြည်တွင်းပြည်ပ အလှူခံတယ် အစပိုင်းမှာတော့ လုံလောက်မှုရှိပေမဲ့ နောက်ပိုင်းတွင် စစ်ကောင်စီပိတ်ဆို့မှုကြောင့် အလှူရှင်နည်းသွားတယ် ဆေးဝါးမလုံလေကာ်မှုကြောင့် ကိုယ်ဝန်ပျက်ကျသူလည်းများတယ် စားနပ်ရိက္ခာလည်းခက်ခဲလာတယ် အလှုရှင်လည်းအရမ်းလိုအပ်တယ်” လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင် တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ လူဦး‌ရေ ၃ သောင်းကျော်ရှိရာ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နဲ့ ၂၅ ရက်အကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် လူဦးရေ ၂ သောင်း (၉၀ ရာခိုင်းနှုန်း) အထိရှိခဲ့ပြီး လက်ရှိအချိန်မှာ စစ်ဘေးရှောင် လူဦးရေ ၉၅၀၀ ခန့်မြို့ပေါ် မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒဏ်ရာအပြင်းအထန်ရသူ ၅ ဦး ရှိသည့်အပြင် ခြေပျက်လက်ပျက်သူများပြားရှိပြီး စစ်ဘေးရှောင် ကာလအတွင်း ဆေးဝါမလုံလောက်မှုကြောင့် ကုသမှူမခံရဘဲ အသက်ရှုံးဆုံးသူ ၅၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လူစစ်ဆေးမှု ဖုန်းများစစ်‌ဆေးမှုတွေ မကြာခဏပြုလုပ်ပြီး CDF (ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့) နဲ့ ပတ်သက်တယ်ဆိုကာ ဖမ်းဆီးခံရသူ ၆၅ ဦးနဲ့ နှိပ်စက်သတ်ဖြတ်ခံရသူ ၁၀ ဦး ရှိကာ လက်ရှိအချိန်ထိ ဆက်လက်စစ်ဆေးဖမ်းဆီးမှူတွေကြောင့် ‌စစ်ဘေးရှောင်သူအများအပြား မြို့ပေါ်မပြန်နိုင်သေးခြင်းဖြစ်တယ်လို့ မင်းတပ်မြို့စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေထံကသိရပါတယ်။

ဒါ့ပြင် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီဘက်က လူနေအိမ် ၁၇ လုံး မီးရှို့ခဲ့တဲ့အပြင် အိမ်ခြေ ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။