
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
၇၄ နှစ်မြောက် ကရင်နီတပ်မတော်နေ့ကို KNPPထိန်းချုပ်ရာ တလဲဒူဆို(ညာမို)တွင် ယနေ့ သြဂုတ်လ (၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းနားတွင် ကရင်နီနိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲခေါင်များအားအလေးပြုခြင်း၊ ကရင်နီပြည်စစ်ဦးစီးချုပ် KA တပ်မတော် ဗိုလ်ချုပ် ဘီထူး ၏သဝဏ်လွှာဖတ်ကြားခြင်း၊ ပေးပို့လာသောသဝဏ်လွှာများဖတ်ကြားခြင်း၊စစ်ကြောင်းများ ချီတက် အလေးပြုခြင်းများဖြင့် ကျင်းပခဲ့ပြီး ပြည်သူလူထုအပါအဝင်အင်အား ၄၅၀ တက်ရောက်ခဲ့ကြပါတယ်။
ကရင်နီတပ်မတော်သည် ၁၉၄၈ သြဂုတ်လ – ၉ရက် နေ့တွင် ဗမာပြည် ဖဆပလတပ်များမှ ကရင်နီအစိုးရရုံးစိုက်ရာ မြလဲရွာသို့ တိုက်ခိုက် ကျူးကျော် လာသည့်အတွက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးကြီးစတင်ခဲ့ရပါတယ်။ ကရင်နီအမျိုးသားခုခံတော်လှန်ရေး နှင့်အတူ ကရင်နီတပ်မတော်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် စတင်ပေါက်ဖွားဖြစ်တည်လာခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိ ပြည်သူလူထုနှင့်တစ်သားတည်းရပ်တည်လာခဲ့တာ (၇၄) နှစ်မြောက်ခဲ့ပြီးဖြစ်ပါတယ်။
ဓာတ်ပုံ – Kn A C