
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာကို လာမည့်နှစ်တွင် ဘတ် ၄၀၀ (၁၁.၇၆ ဒေါ်လာ) သို့ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီး ဖီဖက်ရက်ချာခေတ်ဖရာခန် (Pipat Ratchakitprakarn) က ပြီးခဲ့တဲ့ သောကြာနေ့ နိုဝင်ဘာ ၈ ရက်နေ့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့တာက “နှစ်သစ်လက်ဆောင်ဖြစ်မှာပါ” ဟု သူက ဆက် လက်ပြောဆိုခဲ့ပါတယ်။
လစာ တိုးမြှင့်မှုကို အောက်တိုဘာလမှ လာမည့်နှစ်ကို ရွှေ့ဆိုင်းခဲ့ရသော်လည်း အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များ ပါ၀င်တဲ့ လုပ်ခလစာကော်မတီမှာ လာမည့် ဒီဇင်ဘာကို နောက်ဆုံးထားပြီး ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း ကိုလည်း ဝန်ကြီး ဖီဖစ်က ပြောကြားခဲ့ပါတယ်။
ထိုင်းမှ အနိမ့်ဆုံးလုပ်ခလစာ တစ်ရက်လျှင် ၃၃၀ ဘတ် မှ ၃၇၀ ဘတ်အထိ တိုးမြှင့်ခြင်းမှာ အာဏာရ ဖြူထိုင်းပါတီ၏ မဲဆွယ်စည်းရုံးရေး တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်တွင် ဘတ် ငွေ ၆၀၀ အထိ တိုးမြှင့်သွားမည်ဟုလည်း ဖြူထိုင်း ပါတီက ကတိပြုထားတယ်လို့ သိရပါတယ်။
ထိုသို့ လုပ်ခလစာ တိုးမြှင့်မှုကို စီးပွားရေးလုပ် ငန်းရှင်များက ဆန့်ကျင်ကြပြီး ထိုင်းနိုင်ငံ ခရိုင်အသီးသီးမှာ ရှိတဲ့စီး ပွားရေးအခြေအနေကွာ ခြားမှု တွေကြောင့် အဆိုပါအစီ အစဉ်မှာ လက် တွေ့ကျနိုင်မည်မဟုတ်ကြောင်း ပြောဆိုနေပါတယ်။
အဆိုပါ လုပ်ခတိုးမြှင့်မှု အပြောင်းအလဲအရ အလုပ်ရှင်များက အလုပ်သမားများကို နေ့စဉ် ၇၃ ဘတ် ပိုမို တိုးပေးရမယ်လို့ လေ့လာမှုများအရ ပြသနေကြောင်း မစ္စတာဖီဖစ်က ဆက်လက် ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်း အသေးစားများမှ လုပ်ခလစာ တိုးမြှင့်ရေး ဆောင်ရွက်မှုတွေအတွက်ကိုလည်း ခရိုင်လုပ်ခလစာကော်မတီရဲ့ အစီရင်ခံစာတွေ အပေါ် အခြေခံပြီး အလုပ် သမားဝန်ကြီးဌာနကနေ ဆောင်ရွာသွားမယ်လို့ သိရပါတယ်။
ကိုးကား – Bangkok Post
Refs; B400 minimum wage ‘a New Year present’
#Ayeyarwaddy_Times