ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ရက်
သမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားနိုင်ငံရဲ့ ယူကရိန်း အထူးစစ်ဆင်ရေး ရည်မှန်းချက်တွေကို ပြောင်းလဲဖို့ မရည်ရွယ်ဘူးလို့ ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါ တယ်။
ယူကရိန်း အထူးစစ်ဆင်ရေး ရည်မှန်းချက်ပန်းတိုင်တွေ ပြောင်းလဲနေတယ်လို့ ပူတင်က မည် သည့်အခါမှ ပြောကြားခဲ့တာမရှိဘူးလို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ပူတင်ရဲ့ မှတ်ချက်စကားနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို သူက အခုလို ဖြေ ကြားခဲ့တာပါ။
အမေရိကန်ပြည်သူတွေ ယုံကြည်မှုရှိတဲ့ ဘယ်လို တိုင်းပြည်အကြီးအကဲနဲ့မဆို သူက လက်တွဲ ဆောင်ရွက်မယ်လို့ ပူတင်က ပြောဆိုခဲ့တာပါ။
ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့သို့ဝင်ရောက်ဖို့ ကြိုးပမ်းတာကို စွန့်လွှတ်မယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်မယ်လို့ ပူတင်က ဇွန်လအတွင်း ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံက တစ်ဖက်သတ် သိမ်းပိုက်ထားတဲ့ ဒေသ (၄) ခုနဲ့ ခရိုင်းမီးယားကို ရုရှားနိုင်ငံရဲ့ အ ချုပ်အခြာအာဏာပိုင်အဖြစ် လက်ခံသင့်တယ်လို့ ၎င်းက အခိုင်အမာပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ရုရှားကြား နယ်စပ်ကို ဒေသခံတွေ ဆုံးဖြတ်တဲ့အတိုင်း သတ်မှတ်သင့်တယ်လို့ သူက ဆိုပါတယ်။ ယူကရိန်းနိုင်ငံက ရုရှားရဲ့ပြောဆိုချက်ကို ပယ်ချကာ သူ့ပိုင်နက်တွေ ပြန်လည်ပေးအပ်ဖို့နဲ့ ရု ရှားတပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Kremlin: Putin’s goals in Ukraine unchanged
#Ayeyarwaddy_Times