ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ရက်
ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်ပွားလိုပေမယ့် (၅) နှစ်ကြာ ဆွေးနွေးမှု တွေက စစ်မှန်တဲ့တိုးတက်မှုတွေ မရရှိခဲ့ဘူးလို့ တရုတ်နိုင်ငံဆိုင်ရာ ဉရောပသမဂ္ဂ သံအမတ်ကြီးက ပြော ပါတယ်။
ဥရောပသမဂ္ဂက တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတင်သွင်းမှုအပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြု လုပ်ပြီးနောက် ဉရောပသမဂ္ဂနဲ့တရုတ်ကြား ကုန်သွယ်ရေးပွတ်တိုက်မှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
တရုတ်နိုင်ငံကလည်း ဉရောပသမဂ္ဂရဲ့ ဝက်သားနဲ့ နို့ထွက်ပစ္စည်းတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြု လုပ်ကာ ကုန်ပစ္စည်းတင်သွင်းမှု ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဉရောပသမဂ္ဂရဲ့ တရုတ် လျှပ်စစ်ကားတင်သွင်းမှုအပါ် ၄၅ ဒသမ ၃ ရာခိုင်နှုန်း အခွန်ကောက်ခံမှု ဟာ ပြီးခဲ့တဲ့အပတ်က သက်ရောက်လာခဲ့ပါတယ်။
ဉရောပသမဂ္ဂဟာ ဧပြီလအတွင်း တရုတ်ကုမ္ပဏီတွေရဲ့ ဆေးဝါးကိရိယာ ဝယ်ယူမှုကို စုံစမ်းစစ် ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။
ဉရောပ ဆေးဝါးကိရိယာထုတ်လုပ်သူတွေနဲ့ ဆွေးနွေးမှုမှာ ၎င်းတို့ဟာ တရုတ်လုပ်ငန်းတွေရဲ့ ခွဲ ခြားဆက်ဆံမှုခံခဲ့ရတာကို ပြသခဲ့တယ်လို့ ရှန်ဟိုင်းမြို့တော်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ တရုတ် နိုင်ငံဆိုင်ရာ ဉရောပသမဂ္ဂ သံအမတ်ကြီး ဂျော်ဂီတိုလီဒိုက ပြောပါတယ်။
“တရုတ်နိုင်ငံမှာ ဆယ်စုနှစ်နှစ်ခုကြာ ဆေးဝါးကိရိယာတွေ ထုတ်လုပ်ခဲ့တဲ့ ဉရောပကုမ္ပဏီတွေ ဟာ တရုတ်ကုမ္ပဏီတွေရဲ့ ခွဲခြားဆက်ဆံမှုခံခဲ့ရတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ တရုတ်-ဉ ရောပ နိုင်ငံတကာစီးပွားရေးကျောင်း နှစ် (၃၀) ပြည့် အခမ်းအနားမှာ ၎င်းက ပြောပါတယ်။
“ဒါတွေကသာ အမှန်ဆိုရင် ကျွန်တော်တို့ကို ဒီမှာဆက်ဆံသလို ကျွန်တော်တို့ ဉရောပမှာ တရုတ် ကုမ္ပဏီတွေကို ပြန်လည်ဆက်ဆံမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ် ချင်ပါဘူး။ ကျွန်တော်တို့ ပွင့်လင်းမြင်သာမှုသာ လိုချင်ပါတယ်။ ကျွန်တော်တို့ မျှမျှတတ ယှဉ်ပြိုင်တာကို လိုချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; EU Does Not Want Trade War With Beijing, Says Bloc’s Ambassador to China
#Ayeyarwaddy_Times