ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
ယူကရိန်းနိုင်ငံကို ဆက်လက်ပြီး ပံ့ပိုးကူညီကြဖို့ သမ္မတ ဇီလန်စကီးက ဉရောပခေါင်းဆောင်တွေ ရဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းကို အကူအညီပေးဖို့ ဉီးစားပေးမှာမဟုတ်ဖူးလို့ ပြောဆိုတဲ့ ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိမှုကြောင့် သူက အခုလို မေတ္တာရပ်ခံတာပါ။
ကြာသပတေးနေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တော်မှာ ဉရောပ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အ
ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဉရောပသမဂ္ဂအဖွဲ့ဝင်တွေ၊ အိမ်နီး ချင်းတိုင်းပြည်တွေက ဉရောပ နိုင်ငံရေးအသိုင်းအဝိုင်းကို ထူထောင်ခဲ့တာပါ။
သူက ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြား ထားပါတယ်။
လူတိုင်းက စစ်ပွဲကို အဆုံးသတ်ချင်ပေမယ့် အဆုံးသတ်ဟာ မျှတမှုရှိရမယ်လို့ ထိပ်သီးဆွေးနွေး ပွဲအပြီးမှာ ဇီလန်စကီးက သတင်းထောက်တွေကို ပြောပါတယ်။
လုံခြုံရေး အာမံချက်တွေမရှိတဲ့ အပစ်အခတ်ရပ်စဲမှုက ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ဖျက်ဆီးလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy calls for continued support for Ukraine at European leaders summit
#Ayeyarwaddy_Times