ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို နျူကလီးယားနဲ့တိုက်ခိုက်ရင် တောင်ကိုရီးယား နဲ့အမေရိကန်က မြောက်ကိုရီးယားကို ချက်ချင်း တိုက်ခိုက်မယ်လို့ သမ္မတ ယွန်ဆက်ယိုလ်က အင်တာ ဗျူးတစ်ခုမှာ ပြောပါ တယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ အမေရိကန်နိုင်ငံအခြေစိုက် နယူးဝိခ်မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ သူက အခုလို မှတ်ချက်ပြု ခဲ့တာပါ။
မြောက်ကိုရီးယားက တောင်ကိုရီးယားကို နျူကလီးယား တိုက်ခိုက်မှုတစ်ခု ပြုလုပ်မယ်ဆိုရင် ယုတ္တိမရှိဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားကို တိုက်ခိုက် လာရင် မြောက်ကိုရီးယားကို အမေရိကန်ထုတ်လက်နက်တွေနဲ့ ချက်ချင်း တိုက်ခိုက်မှာပါလို့ သူက ဆိုပါ တယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်မှုတွေကို ကာကွယ်နိုင် သလို တိုက်ခိုက်နိုင်တဲ့စွမ်းရည်လဲရှိတယ်လို့ ၎င်းက မီးမောင်းထိုးပြပါတယ်။
“မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်တွေကို ဖျက်ချနိုင်ပြီး ကွပ်ကဲထိန်းချုပ်ရေးစင်တာတွေကို တိုက်ခိုက်နိုင်တဲ့စွမ်းရည်တွေ ကျွန်တော်တို့မှာ ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ရပ်တည်ချက်ကို ဆန့်ကျင် တယ်လို့ ယွန်ဆက်ယိုလ်က ထပ်လောင်းပြောကြားပြီး ဂျပန်နဲ့ထိုင်ဝမ်လို အိမ်နီးချင်းတိုင်းပြည်တွေမှာ လက်နက်ပြိုင်ဆိုင်မှုဖြစ်စေကာ ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်စေနိုင်တယ်လို့ သတိပေးပါ တယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ထိပ်သီးဆွေးနွေးမှုအတွင်း သဘောတူခဲ့ တဲ့ ဝါရှင်တန်ကြေညာချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နျူကလီးယား တိုင်ပင်ဆွေးနွေးမှုအဖွဲ့မှတစ်ဆင့် မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ တောင်ကိုရီးယားက သံန္နိဌာန်ချ ထားတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Yoon says Korea-US alliance will immediately strike North if it attempts nuclear attack
#Ayeyarwaddy_Times