ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ပြုတ်ကျပြီး နောက် ဖြစ်ပေါ်လာတဲ့ စီးပွားရေးပြိုလဲမှုနဲ့ ဆိုးရွားလာသော လူသားချင်းစာနာမှု အကျပ်အတည်းဖြစ် ပေါ်နေစဉ် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ပြည်သူ (၂) သန်းခန့် အငတ်ဘေးကြုံနိုင်တယ်လို့ ကုလသမဂ္ဂ က သတိပေးပါတယ်။

ရခိုင်ပြည်နယ်မှာ ဆင်းရဲမွဲတေမှု အခြေအနေဟာ မကြုံစဖူး ကပ်ဘေးတစ်ခုလို့ ကုလသမဂ္ဂ ဖွံ့ ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာသစ်တစ်ရပ်က ဖော်ပြပါတယ်။

ပြည်တွင်း/ပြည်ပကုန်စည်စီးဆင်းမှု၊ ငွေကြေးအလွန်အမင်းဖောင်းပွမှု၊ သက်မွေးဝမ်းကြောင်း အ လုပ်အကိုင်တွေ ဆုံးရှုံးမှု၊ စိုက်ပျိုးရေးထုတ်လုပ်မှုနဲ့ မရှိမဖြစ်ကုန်စည်တွေ ပြတ်လပ်မှုကြောင့် ရခိုင်ပြည် သူတွေ အငတ်ဘေးဆိုက်နိုင်တာလို့ အစီရင်ခံစာက ဆိုပါတယ်။

အဆိုပါပြဿနာတွေကို အရေးတကြီး မဖြေရှင်းရင် ရခိုင်ပြည်နယ်လူဉီးရေရဲ့ (၉၅) ရာခိုင်နှုန်း ဖြစ်တဲ့ ပြည်သူ (၂) သန်းကျော် ငတ်မွတ်မှုကြုံတွေ့ရနိုင်တယ်လို့ အစီရင်ခံစာက ပြောပါတယ်။

ပြည်တွင်းထုတ်လုပ်မှု ကျဆင်းမှု၊ ကုန်စည်စျေးနှုန်းများ မြင့်တက်မှု၊ အလုပ်လက်မဲ့နှုန်းမြင့် တက်မှုနဲ့ မလုံခြုံမှုတွေကြောင့် ယခုအခြေအနေ ဖြစ်ပေါ်လာတာလို့ အစီရင်ခံစာက ဆိုပါတယ်။
ရခိုင်ပြည်နယ်ဟာ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအများစု နေထိုင်ရာပြည်နယ် ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် (၂) သန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခို လှုံနေတယ်လို့ သိရပါတယ်။

ကိုးကား – Gulf Times
Ref; UN warns of acute famine in Myanmar’s Rakhine state

#Ayeyarwaddy_Times