
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်
နိုင်ငံခြားငွေလိုအပ်သောစစ်ကောင်စီသည် စိုက်ပျိုးရေးထွက်ကုန်များများတင်ပို့နိုင်ရေးတွန်းအားပေးနေကာ ဆန်၊ ဆန်စကွဲပို့ကုန်ဝေစုကို မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ် ( MRF) က ချုပ်ကိုင်ထားကြောင်းသတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ဆန်၊ ဆန်ကွဲ တင်ပို့ရာတွင် ဆန်တင်ပို့မှု၏ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်မှ အတွင်းရေးမှူးဦးလူမော်မြင့်မောင်နှင့် ဆွေမျိုးကုမ္ပဏီများက ချုပ်ကိုင်ထားကြောင်း ဆန်ပို့ကုန်လုပ်ငန်းလုပ်သူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် မြန်မာဆန်စပါးအသင်းချုပ်ကဲ့သို့ လူမှုအဖွဲ့အဖွဲ့အစည်းများကလက်ဝါးကြီးအုပ်ထိန်းချုပ်ထားသည့်အပြင် နိုင်ငံခြားငွေလဲနှုန်းထားသတ်မှတ်ဈေးကြောင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲကြုံရကြောင်း သိရသည်။
” ကုမ္ပဏီအသစ်အနေနဲ့ ဆန်နဲ့ဆန်ကွဲတင်ပို့မယ်ဆိုရင် MRF ထဲကနေ ခွဲတမ်းရမယ်။ ရရှိတဲ့ခွဲတမ်းအတိုင်းအမှန်တကယ်တင်ပို့မှ နောက်တစ်ကြိမ်အတွက် Export Quota ရမယ်။ ပို့ကုန်ရငွေကိုလည်း ၇၅ ရာခိုင်းနှုန်းရပြီး ၂၅ ရာခိုင်နှုန်းကိုဗဟိုဘဏ်သတ်မှတ်ရေးအတိုင်းရောင်းပေးရမယ် ” ဟု ဆန်တင်ပို့သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်တွင်း ပို့ကုန်ဆန်အမျိုးအစားဈေးနှုန်းသည် နိုင်ငံတကာပေါက်ဈေးနှင့် ယှဉ်ပြိုင်နိုင်မှသာ ဆန်စပါးကဏ္ဍဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်အောက်တိုဘာလတွင် ပြည်ပဆန်၊ ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီ ၄၀ ရှိပြီး တန်ချိန်ပေါင်း လေးသိန််းကျော်တင်ပို့နိုင်ကာ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၈၉ သန်းရရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ( MRF) က နိုဝင်ဘာ ၈ ရက်နေ့တွင်ထုတ်ပြန်သည်။
စစ်ကောင်စီသည် မိုးစပါးအခြေခံရည်ညွှန်းဈေးနှင့် ဆန်ရည်ညွှန်းဈေးများသတ်မှတ်ပြီး ဈေးကွက်ကိုထိန်းချုပ်ထားသည်။
ဓာတ်ပုံ – MRF, လူမှုကွန်ရက်
#MFR #Exportsဆန် #ဆန်ကွဲ #လက်ဝါးကြီးအုပ်ထိန်းချုပ် #Ayeyarwaddy_Times