ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

ယူကရိန်းနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုဟာ စစ်ပွဲအခြေအနေကိုသာမက နိုင် ငံတကာအသိုင်းအဝိုင်းကို မတည်မငြိမ်ဖြစ်စေမှာကို စိုးရိမ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

“မြောက်ကိုရီးယားစစ်သည်တွေနဲ့ ပထမဆုံးအကြိမ် တိုက်ပွဲတွေဖြစ်တာ ကမ္ဘာပေါ်မှာ မတည် ငြိမ်မှု မျက်နှာစာသစ်တစ်ခု ဖွင့်လှစ်စေပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားရဲ့ စစ်ဘောင်ကျယ်ပြန့်လာစေဖို့ ကြိုးပမ်းမှု မအောင်မြင်အောင် ကမ္ဘာကြီးနဲ့အတူ မိမိတို့ လုပ်ဆောင်ရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့က မြောက်ကိုရီးယားတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အသေးစိတ်အကြောင်းရင်း ကိုတော့ ဇီလန်စကီးက မရှင်းပြခဲ့ပါဘူး။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်လာပြီလို့ ယူ ကရိန်းနဲ့ အမေရိကန် တာဝန်ရှိသူနှစ်ဉီးက ပြောပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသရှိ နယ်မြေတွေကို သိမ်းပိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။

ယူကရိန်းစစ်တပ်ဟာ ဩဂုတ်လကတည်းက ကာတ်စ်ဒေသမှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု တွေ ပြုလုပ်နေတာပါ။
ထိတွေ့ပစ်ခတ်မှုဟာ အကန့်အသတ်ရှိပြီး ယူကရိန်းတပ်ဖွဲ့ရဲ့ အားနည်းချက်ကို ဖော်ထုတ်ဖို့ ရည်ရွယ်ပုံပေါ်တယ်လို့ ယူကရိန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ယူကရိန်း တာဝန်ရှိသူက ထိခိုက်သေကျေမှုကို အသေးစိတ်မပြောပေမယ့် မြောက်ကိုရီးယားစစ် သား အများအပြား သေဆုံးခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Battles with N.Korean soldiers ‘open new page’ of global instability

#Ayeyarwaddy_Times