ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာဟာ ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ကူမင်း မြို့မှာကျင်းပတဲ့ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ ဘေးပန်းအဖြစ် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့ သီးသန့်စကားပြောခဲ့ပြီး ငြိမ်းချမ်းရေးကို အစပြုဖို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ ထိုင်းသ တင်းထောက်တွေနဲ့ အင်တာဗျူးတစ်ခုအတွင်း ပေထောင်တန်က ပြောပါတယ်။

ထိုင်းနဲ့မြန်မာဟာ ကီလိုမီတာ ၂၀၀၀ နယ်နိမိတ် ထိစပ်နေပြီး မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေ ထိုင်းနိုင်ငံထဲ ပျံ့နှံ့လာတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ပြုလုပ်ဖို့ ပြီးခဲ့တဲ့လက လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီ ယံ ထိပ်သီးဆွေးနွေးပွဲမှာ ပေထောင်တန်က တောင်းဆိုခဲ့ပြီး ပြဿနာကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရဘဲ ဆွေးနွေးမှုစတင်ဖို့ အချိန်ကျပြီလို့ ပြောဆိုခဲ့ပါတယ်။

လာမယ့်နှစ်မှာပြုလုပ်မယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ထိုင်းနိုင်ငံက ပံ့ပိုးကူညီမယ်လို့လည်း သူက အရိပ်အမြွက်ထုတ်ပြောခဲ့ပါတယ်။

မြန်မာပဋိပက္ခဟာ ပြည်တွင်းရေးတစ်ခုသာဖြစ်လို့ မြန်မာကိုယ်တိုင် ဖြေရှင်းရမယ်လို့ ပေထောင် တန်က ပြောဆိုခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီကျင်းနဲ့ တွေ့ဆုံခဲ့သလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Thai PM meets Myanmar junta chief

#Ayeyarwaddy_Times