ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ဖော်ဆောင်ရေး ဟာ အရေးကြီးတယ်လို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ထပ်လောင်းပြောပါတယ်။

ဟွန်မာနက်နဲ့ မင်းအောင်လှိုင်တို့ဟာ နိုဝင်ဘာလ ၆ ရက်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူ မင်းမြို့မှာကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့တာပါ။

ကမ္ဘောဒီးယားပြည်တွင်းစစ် အတွေ့အကြုံနဲ့ မြန်မာပဋိပက္ခ ဖြေရှင်းနိုင်ရေး အကြံဉာဏ်တွေ မျှ ဝေတဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို ကျေးဇူးတင်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ မြန်မာပဋိပက္ခကို ငြိမ်းချမ်းသောနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဟွန်မာနက်က ပြောပါတယ်။

အာဏာသိမ်းမှုမတိုင်မီကလို မြန်မာနိုင်ငံက နဂိုအခြေအနေပြန်ရစေမယ့် ငြိမ်းချမ်းသောအဖြေရ ရှိဖို့ ကမ္ဘောဒီးယားနိုင်ငံက စဉ်ဆက်မပြတ် ပံ့ပိုးကူညီခဲ့တယ်လို့ တော်ဝင် ကမ္ဘောဒီးယားတက္ကသိုလ်၊ အ ပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူး ကင်ဖီးက ပြောပါတယ်။

ဟွန်မာနက်ရဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ ကမ္ဘောဒီးယားနိုင်ငံကို ဝန်ကြီးချုပ်ဟောင်း ဟွန် ဆမ်ရဲ့ နှစ်ဉီးနှစ်ဖက် အကျိုးဖြစ်တဲ့မူဝါဒမှတစ်ဆင့် နိုင်ငံရေးနဲ့ ပြည်တွင်းပဋိပက္ခတွေ ဖြေရှင်းတဲ့အတွေ့ အကြုံ မျှဝေဖို့ အခွင့်အလမ်းတစ်ရပ် ဆောင်ကြဉ်းပေးတယ်လို့ သူက ဆိုပါတယ်။

မြန်မာပဋိပက္ခ ဖြေရှင်းနိုင်ရေး အရေးပါတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာ ဖို့ ဟွန်မာနက်က မင်းအောင်လှိုင်ကို တိုက်တွန်းနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“မြန်မာ့အရေး ဖြေရှင်းဖို့က သက်ဆိုင်သူအားလုံး အထူးသဖြင့် အာဏာကိုင်ထားတဲ့ စစ်တပ်ရဲ့ ထိတွေ့ဆက်ဆံမှု လိုအပ်ပါတယ်။ သံခင်းတမန်ခင်းနဲ့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းသော အဖြေတစ်ခုရှာရေး အဖွဲ့အစည်းအားလုံးကို တိုက်တွန်းဖို့ အာဆီယံ အထူးကိုယ်စားလှယ်က သံတမန် ရေး ကြိုးပမ်းမှုတွေ အရှိန်မြှင့်သင့်တယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ကိုးကား – The Phnom Penh Post
Ref; Hun Manet meets with Min Aung Hlang, urges peaceful end to conflict

#Ayeyarwaddy_Times