ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အဖြေရှာဖို့နဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာ မှု အကူအညီပေးပို့မှု အပါအဝင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အ ထည်ဖော်ဆောင်ဖို့ အင်ဒိုနီးရှားနဲ့ စင်ကာပူက သဘောတူလိုက်ပါတယ်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ပြောပါ တယ်။

နိုဝင်ဘာလ (၆) ရက်က မာဒေးကားနန်းတော်မှာ စင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်နဲ့ ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြောင်း ကြေညာစဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

စစ်တပ်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချတဲ့ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေဟာ ၂၀၂၁ ခုနှစ်မှာ ဘုံသဘောတူညီချက် (၅) ရပ်ကို သဘောတူခဲ့ တာပါ။

အာဆီယံအဖွဲ့ဟာ ရပ်တည်ချက်များ၊ အမြင်များ ကွဲပြားလင့်ကစား တွေ့ဆုံဆွေးနွေးမှုကို အား ပေးတယ်လို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ရတ်နိုမာဆူဒီက ပြောကြားခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ အပါအဝင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေခဲ့တဲ့ မဖြေရှင်းနိုင် သေးသော မြန်မာ့အရေးလိုမျိုး အာဆီယံအဖွဲ့က ပြဿနာအမျိုးမျိုး ရင်ဆိုင်နေရချိန် တွေ့ဆုံဆွေးနွေးမှု ဟာ ပိုမို အရေးပါလာပါတယ်။

“မြန်မာ့အရေးဟာ အခြေအနေမကောင်းလာပေမယ့် ပိုဆိုးလာတာကို အာဆီယံနိုင်ငံအားလုံးက ယူဆပါတယ်။ ဒါကြောင့်မို့ ဘုံသဘောတူညီချက် (၅) ရပ်ကို အကိုးအကားတစ်ခုအဖြစ် တွန်းအားပေးဖို့ သဘောတူခဲ့တာပါ” လို့ ၎င်းက ပြောပါတယ်။

အာဆီယံဖိုရမ်တွေမှာ မြန်မာနိုင်ငံမှ နိုင်ငံရေး တာဝန်ရှိသူတွေ ကိုယ်စားမပြုဘဲ နိုင်ငံခြားရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတွေသာ ကိုယ်စားပြုဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။

ကိုးကား – Antara News
Ref; RI, Singapore agree to push Five-Point Consensus on Myanmar

#Ayeyarwaddy_Times