ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ နိုဝင်ဘာ ၇ ရက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)နှင့် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ZRAဘက်မှ ၁၀ ဦးကျဆုံးပြီး CDF-တွန်းဇံဘက်မှ ရဲဘော်တစ်ဦး အသက်ပေးလှူခဲ့ကြောင်း CDF-တွန်းဇံက ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့တွင်ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)နှင့် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)တို့သည် တွန်းဇံမြို့နယ်၊ မွာလ်ကွေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ZRA တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း CDF-တွန်းဇံ၏ ထုတ်ပြန်ချက်အရ သိရသည်။

ချင်းလဲန်ကာကွယ်းရေးတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)သည် ကျီခါးမြို့တွင် တပ်စွဲခြင်းမရှိဘဲ တွန်းဇံမြို့အနီးတဝိုက်တွင်သာ တပ်စွဲထားပြီး စစ်ကောင်စီတပ်နှင့်ပူးပေါင်းသော ZRA တပ်ဖွဲ့က အခွင့် အရေးယူကာ ကျီခါးမြို့တွင် တပ်အထိုင်ထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ZRA သည် ကျီခါးမြို့မှတစ်ဆင့် ချင်းလဲန်ကာကွယ်ရေးတပ်နှင့် CDF-တွန်းဇံတို့ကို ရန်မူဆက်ဆံခြင်း၊ တွန်းဇံမြို့ကို ပြန်သိမ်းမည်ဆိုသည့်စကားကို အမြဲတမ်းလူကြုံပါးလေ့ရှိပြီး ကျီခါးမြို့မှ တစ်ဆင့် တွန်းဇံမြို့နှင့် (၁၅) မိုင်ခန့်သာဝေးသော မွာလ်ကွေးကျေးရွာအထိ နယ်မြေချဲ့လာကြကြောင်းသိရသည်။

CDF-တွန်းဇံက ထိန်းချုပ်ထားသော တွန်းဇံမြို့ကို မွာလ်ကွေးရွာမှတစ်ဆင့် မြို့သိမ်းရန် စစ်ရေးပြင်ဆင်နေသည့် အကြောင်းကို ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့နှင့် CDF-Tonzang တပ်ဖွဲ့တို့က ကြားသိပြီးနောက် မွာလ်ကွေးရွာကို ဝိုင်းဝန်းပိတ်ဆို့၍ ဖြတ်တောက်ပိတ်ဆို့တို က်ခိုက်နိုင်ခဲ့ခြင်းကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွန်းဇံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ CDF-တွန်းဇံ တာဝန်ခံကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်အကြောင်းပြန်ခြင်းမရှိပေ။

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် ချင်းလူမျိုးများဖြစ်သော်လည်း စစ်ကောင်စီနှင့်လက်တွဲကာ ချင်းလဲန်းကောင်စီနှင့်တွန်းဇံမြို့နယ်ကောင်စီ၏ အုပ်ချုပ်ရေးနယ်မြေများကို ထိပါးနှောင့်ယှက်လာ သောကြောင့် မလွှဲမရှောင်သာ၍ တိုက်ထုတ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ စစ်ဆင်ရေးသည် တရားသော စစ်ဆင်ရေးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ZRA တပ်ဖွဲ့များအား တွန်းဇံမြို့နယ်မှ အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချင်းလဲန်ပူးပေါင်းတပ်ပေါင်းစုသည် တွန်းဇံမြို့ကို ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့မှ စတင်၍ မြို့သိမ်း တိုက်ပွဲကို စတင်ဆင်နွဲခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို သိမ်းပိုက် နိုင်ခဲ့သည်။

ဓာတ်ပုံ-CDF-တွန်းဇံ။
#တွန်းဇံမြို့နယ် #တိုက်ပွဲဖြစ်ပွား #ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ZRA #၁၀ဦးကျဆုံး #ချင်းကာကွယ်ရေးတပ်ဖွဲ့တွန်းဇံ #တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး #Ayeyarwaddy_Times