ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၇က်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၃) ဘက်ခြမ်းရှိ နှမ်းဘုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သည့်တွက် ဘုရားကျောင်းအပါဝင် နေအိမ် ကိုးလုံးပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်အစောပိုင်း နှစ်နာရီဝန်းကျင်အချိန်တွင် နှမ်းဘုံကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“လူထိခိုက်မှုတော့ မသိရသေးဘူး။ ဘုရားကျောင်းနဲ့ လူနေအိမ်တွေက အတော်လေး ပျက်စီးသွားတယ်လို့ သိရတယ်။ အဲ့ရွာက ဖုန်းလိုင်းနဲ့အင်တာနက်မရတဲ့အတွက် အသေးစိတ်မသိရသေးဘူး” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မင်းတပ်မြို့အနီး တစ်နေရာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လေယာဉ်ပေါ်မှ ပစ်ခတ်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ နီးပါး ပြုလုပ်ခဲ့ပြီး CDF – Mindat ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း CDF-Mindat က သတင်းထုတ်ပြန်ထားသည်။

ပုံ – ယခုနှစ် စက်တင်ဘာလတွင် မင်းတပ်မြို့နယ် တိုက်နယ် ၄ ရှိ ကျေးရွာတစ်ရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဥ်။ (ပုံဟောင်း)

#မင်းတပ်မြို့နယ် #လေကြောင်းတိုက်ခိုက်မှု #ဘုရားကျောင်းအပါဝင် #နေအိမ်၉လုံးပျက်စီး #Ayeyarwaddy_Times