ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကားတစီး အရှိန်လွန်တိမ်းမှောက်ကာ စစ်ကောင်စီတပ်သားတစ်ဦး လက်ကျိုးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ စစ်ကားတစ်စီးသည် ယနေ့ နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီခ၃၀ မိနစ်ခန့်တွင် အုန်းမှင်ကျေးရွာနှင့် ချထောက်ကျေးရွာကြားတွင် အရှိန်လွန်တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေး တပ်ထံက သိရသည်။

အဆိုပါစစ်ကားသည် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ သွားသည့်စစ်ကားဖြစ်ကြောင်း သိရသည်။

“ချထောက်ဘက်ကနေအဆင်း အရှိန်လွန်ပြီး မှောက်တာလို့ သိရတယ်။ တစ်ကောင်လက်ကျိုးပြီး ဆေးရုံ ရောက်သွားတယ်လို့ ကြားတယ်”ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိမ်းမှောက်သည့် စစ်ကားနှင့် ကားပေါ်ပါသူ စစ် ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြေအနေအသေးစိတ်ကို အတိအကျမသိရသေးပေ။

#မကွေး #ဆိပ်ဖြူ #စစ်ကား #တိမ်းမှောက် #စစ်ကောင်စီ #တပ်သား #လက်ကျိုး #ဆေးရုံရောက် #Ayeyarwaddy_Times