
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်
ဧရာ၀တီတိုင်း၊မော်လမြိုင်ကျွန်းမြို့နှင့် ရေကျော်ကြီးရွာ၊နတ်မင်းကြီးရွာကို ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးလက်ကွန်ကရစ်လမ်းသည် တရားမ၀င် ဆီတင်ကားများ မောင်းနှင်မှုကြောင့် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလမ်းတွင် စစ်ကောင်စီကို လစဥ်ကြေးပေးထားသော လုပ်ငန်းရှင်တစ်ဦး၏ တရားမဝင်လိုင်စင်မဲ့ဆီလုပ်ငန်းမှ ဆီဂါလံ ၃၂၀၀ ဆန့်ဆီဘောက်ဆာများ နေ့စဥ် ဖြတ်သန်းသွားလာမှုကြောင့် ပျက်စီးခြင်းဖြစ်သော်လည်း လမ်းပြုပြင်ရန် ဒေသခံများထံမှ အလှူငွေအတင်းအကျပ် တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဌာနဆိုင်ရာ ဆီကန်တွေရော ၊ ဆီတင်သင်္ဘောတွေက ခိုးရောင်းတဲ့ဆီတွေ၀ယ်ပြီးတရားမ၀င်သိုလှောင်နေတာ။ လမ်းပျက်တာလဲ အဲ့ဓိကားတွေက အဓိကတရားခံပါပဲ။ သူ့ကြောင့်လမ်းပျက်တာလဲ တာ၀န်ရှိသူတွေကသိတာပဲ ၊ ဒါပေမယ့် လမ်းပြင်ဖို့အတွက် မြို့ခံတွေဆီက အလှူငွေလိုက်ကောက်နေတာ” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါလမ်းပျက်စီးမှုကို ပြုပြင်ရန်အတွက် မြို့နယ်စစ်ကောင်စီမှ ခန့်အပ်ထားသောမြို့မိမြို့ဖဆိုသူများနှင့် ပရဟိတအသင်းများမှစုပေါင်းပြီး မြို့ခံနှင့်ကျေးရွာနေထိုင်သူများထံမှ အလှူခံနေကြောင်း သိရှိရသည်။
လက်ရှိတွင် လမ်းသည် ဆီတင်ကားများ၀န်ပိုတင်ကာ မောင်းနှင်မှုကြောင့် ပေ ၅၀၀ခန့်ဆိုးရွားစွာပျက်စီးနေပြီး ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
#မော်လမြိုင်ကျွန်း #တရားမ၀င်ဆီတင်ကား #လမ်းပျက်စီးမှု #ပြုပြင်ရန် #ပြည်သူများထံမှ #ငွေကောက်ခံ
#Ayeyarwaddy_Times