ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
အီရန်နိုင်ငံက အစ္စရေးကို တိုက်ခိုက်မှုပြုလုပ်နိုင်မှုကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ် အမေ ရိကန် ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာပြီလို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ မိုင်နော့လေတပ်အခြေစိုက်စခန်းမှ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-52 တွေ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အီရန်နဲ့ စစ်သွေးကြွမဟာမိတ်တွေကို ဟန့်တားဖို့ ဖျက်သင်္ဘောတွေ၊ တိုက်လေယာဉ်အုပ်တွေနဲ့ တင့်ကားတွေနဲ့အတူ B-52 တာဝေးသွား ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်မယ် လို့ ပင်တဂွန် တာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မီ အမေရိကန်ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေ သသို့ ရောက်လာခဲ့တာပါ။ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟားမာစ်၊ ဟက်ဇ်ဘိုလာအဖွဲ့ကြား ပဋိပက္ခတွေ အရှိန်မြှင့်လာပါတယ်။
လူ (၅) ဉီးထက်မနည်း သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ အောက်တိုဘာလ ၂၆ ရက်က အီရန်နိုင်ငံရှိ စစ် ဘက်အခြေစိုက်စခန်းတွေနဲ့ အခြားနေရာတွေအပေါ် တိုက်ခိုက်မှုတွေအတွက် အစ္စရေးနဲ့အမေရိကန်ကို ပြင်းထန်စွာ လက်တုံပြန်မယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာခါမေနီက ခြိမ်းခြောက်ခဲ့ပါတယ်။
“အစ္စရေးအစိုးရဖြစ်စေ အမေရိကန်ဖြစ်စေ ရန်သူတွေဟာ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုအတွက် သေချာပေါက် လက်တုံ့ပြန်မှု ခံရမှာဖြစ်ပါတယ်” လို့ အီရန် နိုင်ငံပိုင်မီဒီယာက ဖော်ပြတဲ့ ရုပ်သံဖိုင်တစ်ခု အတွင်း ၎င်းက ပြောပါတယ်။
အီရန်နိုင်ငံဟာ ဧပြီနဲ့ အောက်တိုဘာလအတွင်း အစ္စရေးနိုင်ငံအပေါ် တိုက်ရိုက် တိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ပြီး ဒုတိယအကြိမ်မှာ အစ္စရေးနိုင်ငံကို ဒုံးကျည် အစင်း ၂၀၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့တာ ပါ။
အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေကနေ အစ္စရေးနိုင်ငံကို ကာကွယ်ပေးဖို့ရည်ရွယ်ကာ အမေရိကန် စစ်တပ်ဟာ ပြီးခဲ့တဲ့လက အစ္စရေးသို့ THAAD ဒုံးခွင်းစနစ် ပေးပို့ခဲ့ပါတယ်။
ကိုးကား – Fox News
Ref; US bombers arrive in Middle East as concerns of Iranian attack on Israel mount
#Ayeyarwaddy_Times