ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ မြောက်ကိုရီး ယားတပ်ဖွဲ့ဝင် (၁၁၀၀၀) ခန့် ရောက်ရှိနေပြီလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ တပ်စွဲတာ တိုးလာပေမယ့် မဟာမိတ်တွေရဲ့ တုံ့ပြန်မှုက တိုးမ လာဘူးလို့ ထောက်လှမ်းရေးသတင်းတွေက ဖော်ပြနေကြောင်း ၎င်းက ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြော ပါတယ်။
ရုရှားပိုင်နက်အတွင်းရှိ မြောက်ကိုရီးယားတပ်ဖွဲ့တွေ တပ်စွဲရာနေရာတိုင်းကို ယူကရိန်းက ဖော် ထုတ်နိုင်တယ်လို့ သူက ဆိုပြီး ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထား တဲ့ တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် (၁၀၀၀၀) ထက်မနည်း ကာတ်စ်ဒေသသို့ သွားနေတယ်လို့ အမေရိ ကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေမှာ မကြာမီရက်ပိုင်းအတွင်း ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ ပါ ဝင်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက်တွေ့ခဲ့တယ်လို့ ယူ ကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတန်အူမာရော့ဗ်က တောင်ကိုရီးယားရုပ်သံဌာနတစ်ခုကို ပြောပါတယ်။
“ယူကရိန်းနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံမှုကို ကျွန်တော်တို့ စုံစမ်းနေပြီး ဒီ အချိန်မှာ သတင်းတွေကို အတည်မပြုနိုင်ပါဘူး” လို့ အမေရိကန်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ပတ်ရိုင်ဒါက ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်ပွဲရဲ့ တိုက်ခိုက်မှုစစ်ဆင်ရေးမှာ ပါဝင်လာမယ်ဆို ရင် တရားဝင် စစ်ရေးပစ်မှတ်တွေ ဖြစ်လာမယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: 11,000 North Korean soldiers are in Kursk region bordering Ukraine
#Ayeyarwaddy_Times