ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ ပြည်သူသန်း ၁၀၀ ကျော် လာရောက်မဲပေးခဲ့ပြီး မဲတွေရေတွက်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်နယ် ၅၀ ရှိတဲ့အနက် ပြည်နယ် ၄၀ မှာ မဲတွေ ရေတွက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

မဲရလဒ်အရ ရီပက်ဗလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သမ္မတရွေးချယ်ရေးအဖွဲ့ဝင်နေရာ ၂၃၀ အနိုင်ရထားပြီး ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ဒုသမ္မတ ကမ်မလာဟဲရစ်ကို မဲ ၂၀ အသာနဲ့ ဦးဆောင်နေပါတယ်။

လက်ရှိမဲရေတွက်နေဆဲ ပြည်နယ် ၁ဝ ခုအနက် ဘယ်ညာယိမ်းပြည်နယ် ၅ ခုဖြစ်တဲ့ မစ်ရှီဂန်၊ ဝစ်ကွန်ဆင်၊ ပန်ဆန်ဗေးနီးယား၊ ဂျော်ဂျီယာနဲ့ အရီဇိုးနား ပြည်နယ်တွေမှာ ဒေါ်နယ်ထရမ့် ဦးဆောင်နေတယ်လို့ Google ကုမ္ပဏီက စောင်ကြည့်ထုတ်ပြန်နေတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒေါ်နယ်ထရမ့် အနေနဲ့ ဘယ်ညာယိမ်းပြည်နယ်တွေဖြစ်တဲ့ ဂျော်ဂျီယာ၊ ပန်ဆန်ဗေးနီးယားနဲ့ မစ်ရှီဂန် (သိူ့မဟုတ်) ဝစ်ကွန်ဆင်ပြည်နယ်တွေမှာ နိုင်ခဲ့မယ်ဆိုရင် မဲအရေအတွက် ၂၇၀ ပြည့်သွားမှာဖြစ်ပြီး ၂၀၂၄ သမ္မတရွေးကောက်ပွဲကို အနိုင်ရသွားမှာ ဖြစ်ပါတယ်။

#Ayeyarwaddy_Times #usa #2024Election