ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

ယနေ့နံနက်အစောပိုင်းက ထိုင်းနိုင်ငံ၊ သာချာနာခရိုင်မှာ မြန်မာအလုပ်သမားတွေ တင်ဆောင် လာတဲ့ ထရပ်ကားတစ်စင်းက အခြားထရပ်ကားတစ်စင်းကို ဝင်တိုက်မိခဲ့ရာ လူ (၄)ဦး သေဆုံးပြီး (၉)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆမွတ်ပရာကန်လိုင်စင်တပ်ထားတဲ့ (၁၈) ဘီးကားက ဗန်ကောက်မှာမှတ်ပုံတင်ထားတဲ့ အခြား ထရပ်ကားကို တိုက်မိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

ယာဉ်မောင်းတစ်ဉီးနဲ့ ခရီးသည် (၂)ဦး အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး အမျိုးသား (၆) ဦးနဲ့ အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၀) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရရှိသူအားလုံးဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူ (၇) ဦးကို သာချာနာဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် တစ်ဉီးဟာ နောက်ပိုင်းမှာ သေဆုံးခဲ့လို့ သေဆုံးသူ (၄) ဉီးအထိ ရှိလာခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို လက်ရှိမှာ ချိုင်ယာဆေးရုံမှာ ကုသပေးနေပါတယ်။

လမ်းဘေးက သစ်တောထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား (၂) ဦးကိုလည်း ရဲတပ်ဖွဲ့ က တွေ့ရှိခဲ့ပါတယ်။

ပစ်ကပ်ထရပ်ကားဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဗန်ကောက်မြို့မှ တောင်ပိုင်းရှိ ဖက် သာလွန်ပြည်နယ်သို့ ပို့ဆောင်နေချိန် အခုလို ယာဉ်မတော်တဆမှုဖြစ်ခဲ့တာလို့ ရဲစုံစမ်းစစ်ဆေးရေးမှူး တွေက ပြောပါတယ်။

ပစ်ကပ်ထရပ်ကားယာဉ်မောင်းက အိပ်ပျော် သို့မဟုတ် အမြန်မောင်းနှင်တာကြောင့် အရှေ့က သွားနေတဲ့ ထရပ်ကားကို ဝင်တိုက်မိတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ က သံသယရှိနေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ကိုးကား – Bangkok Post
Ref; Four killed, 9 injured when pickup hits trailer truck

#Ayeyarwaddy_Times