ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
ယုံကြည်မှုပြဿနာတစ်ခုကြောင့် ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်ကို ရာထူးမှဖယ်ရှား လိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက ပြောပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သူနဲ့ဂဲလန့်ကြား ယုံကြည်မှု ကွဲအက်ခဲ့ရတယ်လို့ ၎င်းက အင်္ဂါနေ့ မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့လုံခြုံရေးဟာ သူ့ဘဝရဲ့မစ်ရှင် အမြဲ ဖြစ်နေမယ်လို့ ယိုအက်ဗ်ဂဲလန့်က လူမှုကွန် ရက်ပို့စ်တစ်ခုမှာ ပြောပါတယ်။ ဂါဇာဒေသ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ၎င်းတို့နှစ်ဉီးကြား သဘောထား ကွဲလွဲခဲ့တာပါ။
နေတန်ယာဟုက သဘောထားတင်းမာသော ရပ်တည်ချက်တစ်ရပ် ရှိခဲ့ပေမယ့် အစ္စရေးနိုင်ငံက ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရ မယ်လို့ ဂဲလန့်က ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာတ်ဇ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မယ်လို့ နေတန် ယာဟုက ပြောပါတယ်။
အစ္စရေးကာတ်ဇ်ရဲ့နေရာကို စက်တင်ဘာလအတွင်း ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပူးပေါင်းခဲ့တဲ့ Gideon Saar နဲ့ အစားထိုးမယ်လို့ သိရပါတယ်။
ရာထူးခန့်အပ်မှုတွေဟာ ညွန့်ပေါင်းအစိုးရအဖွဲ့ တည်ငြိမ်မှုရှိရေး ရည်ရွယ်တယ်လို့ ယူဆရတယ် လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Netanyahu fires defense minister after disagreement over Gaza operations
#Ayeyarwaddy_Times