ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်
ရုရှားနိုင်ငံဟာ ယူကရိန်းကိုတိုက်ခိုက်ဖို့ ပြီးခဲ့တဲ့လအတွင်း ဒရုန်းအစင်း ၂၀၀၀ ကျော် အသုံးပြုခဲ့ တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားရဲ့ ဒရုန်းထုတ်လုပ်မှုကို ပိတ်ပင်နိုင်မယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရှိန်မြှင့်ပြုလုပ်ဖို့ ၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
စနေနေ့က ကြားဖြတ်ဖျက်ချခံခဲ့ရတဲ့ ရုရှားဒရုန်းတွေရဲ့ အပျက်အစီးတွေဟာ ကိယက်ဗ်မြို့တော် က ခရိုင် (၆) ခုမှာ ကျရောက်ခဲ့လို့ မီးလောင်မှုတွေ ဖြစ်ပေါ်ကာ နေအိမ်အများအပြားမှာ တံခါးတွေ ကျိုး ပျက်ခဲ့ရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
အောက်တိုဘာလအတွင်း နေ့စဉ် ယူကရိန်းကို တိုက်ခိုက်ဖို့ ဒရုန်းတွေကို အသုံးပြုခဲ့တယ်လို့ ဇီ လန်စကီးက စနေနေ့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။ ပိတ်ပင်သင့်ခဲ့တဲ့ ဒရုန်းအစိတ်အပိုင်း ၁၇၀၀၀၀ ကျော်ကို ရုရှားနိုင်ငံသို့ ပေးပို့ခဲ့တယ်လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံသို့ အထူးအစိတ်အပိုင်းတွေ၊ အရင်းအမြစ်တွေ တင်ပို့မှုထိန်းချုပ်နိုင်ရေး ကမ္ဘာ့နိုင်ငံ တွေက အပြင်းအထန် လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ၎င်းက ထောက်ပြပါတယ်။
ရုရှားစစ်တပ်ဟာ ဒရုန်းတိုက်ခိုက်မှုတွေနဲ့အတူ ယူကရိန်းပြည်သူတွေအပေါ် ဖိအားပေးမှုတွေ ပြု လုပ်လာနိုင်တယ်လို့ လေ့လာသူအချို့က ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး ရုရှားနိုင်ငံတွင်းရှိ စစ်ဘက်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နိုင်ဖို့ အနောက်နိုင်ငံတွေက တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုလျက်ရှိပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: Russia used more than 2,000 drones against Ukraine in October
#Ayeyarwaddy_Times