ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

အစိုးရရဲ့ အကူအညီပေးမှု ကြန့်ကြာတာကို မကျေမနပ်ဖြစ်နေတဲ့ ရေဘေးသင့်ပြည်သူတွေဟာ တနင်္ဂနွေနေ့က အရှေ့ပိုင်း ဗလင်စီယာဒေသကို လာရောက်တဲ့ စပိန်ဘုရင် ဖိလစ်ပီနဲ့ ဘုရင်မ လတ်တီဇီ ယာတို့ကို ရွှံ့နွံတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း စပိန်နိုင်ငံတစ်ဝန်း စံချိန်တင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ မော်တော် ကားတွေ၊ တံတားတွေ ရေစီးနဲ့မျောပါသွားခဲ့ပြီး ပြည်သူ ၂၁၇ ဉီး သေဆုံးခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။

ပြည်သူ ၆၀ ကျော် သေဆုံးခဲ့တဲ့ ရေဘေးအသင့်ဆုံး ပိုင်ပေါ်တာဒေသမှ ဒေသခံအချို့ဟာ ကယ် ဆယ်ရေးအကူအညီပေးတာ ကြန့်ကြာမှုကြောင့် စပိန်ဘုရင်နဲ့ဘုရင်မကို ရွှံ့နွံတွေနဲ့ပစ်ပေါက်ကာ အော် ဟစ်ခဲ့ကြပါတယ်။

သက်တော်စောင့်တွေ ကာကွယ်ပေးထားတဲ့ စပိန်ဘုရင်နဲ့ဘုရင်မဟာ ဒေသခံတွေနဲ့ ဆက်လက် ပြောဆိုခဲ့ပေမယ့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

“ဧကရာဇ်ရဲ့ပုံရိပ်ကို လွန်စွာ အလေးထားတဲ့ စပိန်ဘုရင့်နန်းတော်အတွက် မကြုံစဖူး ဖြစ်စဉ်တစ် ခု ဖြစ်ခဲ့ပါတယ်” လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

စပိန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ပျောက်ဆုံးသူတွေအတွက် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်ကာ ရွှံ့နွံတွေ၊ အပျက်အစီးတွေကို ရှင်းလင်းနေပါတယ်။

သယ်ယူပို့ဆောင်ရေးစနစ် ဖရိုဖရဲဖြစ်တာ၊ ရေနဲ့အစားအစာထောက်ပံ့မှု မလုံလောက်တဲ့အပေါ် ရေဘေးသင့်ဒေသအချို့မှ ပြည်သူတွေဟာ မကျေနပ်မှုတွေ ဖြစ်နေကြပါတယ်။

ကိုးကား – NHK
Ref; Angry flood survivors in Spain throw mud at King Felipe and Queen Letizia

#Ayeyarwaddy_Times