ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မည်သူ အနိုင်ရသည်ဖြစ်စေ ထိုင်ဝမ်က ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို ပြသရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဝယ်လင် တန်ကူးက ပြောပါတယ်။

ထိုင်ဝမ်က အကာအကွယ်ပေးမှုအတွက် ငွေကြေးကျခံသင့်တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကာမဲလာဟားရစ်က ပြောပြီး အမေရိကန်နိုင်ငံရဲ့ တစ်ပိုင်းလျှပ်ကူးစီးပွားရေးကို ခိုးယူတယ်လို့ စွပ်စွဲခဲ့ပါ တယ်။

ပြီးခဲ့သော (၂) နှစ်အတွင်း အဓိက စစ်ရေးလေ့ကျင့်မှု (၄) ကြိမ် အပါအဝင် ပြီးခဲ့သော (၅) နှစ်အ တွင်း ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားပေးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

“အမေရိကန်သမ္မတအဖြစ် ဘယ်သူပဲရွေးကောက်ခံရသည်ဖြစ်စေ ထိုင်ဝမ်ရဲ့ စီးပွားရေး လုံခြုံရေး အရေးပါမှုနဲ့ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးရပ်တည်ချက်ကို ခုခံကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ ကို ကျွန်တော်တို့ နားလည်ရပါမယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်အစိုးရရဲ့ရပ်တည်ချက်မှာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုစွမ်းရည်တွေ စဉ်ဆက်မပြတ် တိုးတက်လာစေဖို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မထူထောင်ထားပေမယ့် အရေး ပါဆုံး နိုင်ငံတကာထောက်ခံသူနဲ့ စစ်လက်နက်ထောက်ပံ့သူဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ ဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောတွေလိုမျိုး စစ်လက်နက်တွေကို ပြည်တွင်းမှာ ဉီးစား ပေး ထုတ်လုပ်နိုင်ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ နီးကပ်လာချိန်မှာ တရုတ်စစ်တပ်ရဲ့ လှုပ် ရှားမှုတွေ တိုးလာတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိအပြင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်အထိ ထိုင်ဝမ်ဟာ စစ်လက်နက်ရောင်းချမှုတွေ အပါအဝင် အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Taiwan must show new US president it is determined to defend itself, defence minister says
#Ayeyarwaddy_Times