ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

ဧရာ၀တီတိုင်း ၊ ဟင်္သာတမြို့နယ်၊ နတ်မောက်ကျေးရွာ ၊ ရေနံလှောင်ကန်အနီး လမ်းပေါ်တွင် အောက်တိုဘာလ ၃၀
ရက်နေ့က လက်ဆွဲအိတ်တစ်လုံးတွေ့ရှိရာမှ ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလက်ဆွဲအိတ်တွေ့ရှိသည့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ ၀င်များ၏ မိသားစုများ နေထိုင်သည့်နေရာ ဖြစ်သည့်အတွက် ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့၀င်များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများကပြောသည်။

“တွေ့တဲ့နေရာ က ခလရ(၁၈)က စစ်သားမိသားစုအိမ်နဲ့ ရာအိမ်မှုးအိမ်ရှေ့မှာတွေ့တော့ ဗုံးဆိုပြီး လန့်ပြီးဖုန်းဆက်တာ။ မြို့နယ်ရဲမှူးနဲ့ စစ်တပ်ကဗုံးရှင်းတဲ့အဖွဲ့တွေလာပြီး လမ်းကို တာယာကွင်းတွေ သဲအိတ်တွေကာပြီး အိတ်ကိုဖွင့်တာ အ၀တ်တွေပဲထွက်လာတယ် ဘယ်သူပြုတ်ကျခဲ့လဲမသိပါဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါလက်ဆွဲအိတ်အတွင်းတွင် အင်္ကျီသုံးထည်နှင့် ပုဆိုးတစ်ထည်ကိုသာ တွေ့ရှိခဲ့ရပြီး ခရီးသွားတစ်ဦး ပြုတ်ကြခဲ့ခြင်းဖြစ်နိုင်ကြောင်းယူဆကာ ရဲတပ်ဖွဲ့မှ အဆိုပါအိတ်ကို သိမ်းဆည်းသွားကြောင်း ဒေသခံများထံမှသိရှိရသည်။

#ဟင်္သာတမြို့နယ် #စစ်ကောင်စီ #မိသားစုများ #နေထိုင်ရာအနီး #ဗုံးလန့်မှုဖြစ် #Ayeyarwaddy_Times