
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ ၅၀ တပ်ရင်းအတွင်း တပ်သားတစ်ဦး ကြက်လိုက်ဖမ်းရာမှ မိုင်းတက်နင်းမိပြီး သေဆုံးသွားကြောင်း သိရသည်။
ဂန့်ဂေါမြို့ပေါ်ရှိ စစ်ကောင်စီတပ် ခလရ ၅၀ တပ်ရင်း အတွင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ကြက်လိုက်ဖမ်းရာတွင် ၎င်းတို့ထောင်ထားသည့် နင်းမိုင်းများကို နင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ဒေသခံများထံက သိရသည်။
“မြည်းဖို့ကြက်လိုက်ဖမ်းရင်း မိုင်းနင်းမိတာ။ ခလရ ၅၀ တပ်ပါ။ သူတို့တပ်ထဲခြံစည်းရိုးနားမှာ ဖြစ်တာပါ။ ခြေထောက်ကတော့ ခြေမျက်စိ အထက်နားကနေဖြတ်ရမယ်လို့သိရတယ်”ဟု ဂန့်ဂေါမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတပ်သားသည် မိုင်းနင်းမိသည့် ဒဏ်ရာဖြင့် ယနေ့ နိုဝင်ဘာ ၄ ရက်နံနက်ပိုင်းတွင် သေဆုံး သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ဂန့်ဂေါမြို့လုံခြုံရေး တာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို PDF များထံ ကျည်ဆံရောင်းစားသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း)
#မကွေး #ဂန့်ဂေါ #စစ်ကောင်စီတပ်သား #ခလရ၅၀ #ကြက်ဖမ်း #မိုင်းနင်း #သေဆုံး #Ayeyarwaddy_Times