ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ နိုဝင်ဘာ ၄ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင် ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီးနောက် နံနက် ၅ နာရီဝန်းကျင်တွင် ဆင်ရိုးခင် ကျေးရွာမှ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့များထံမှ G-3 တစ် လက်၊ G-3 ကျည် ၁၇၄ တောင့်၊ ကျည်ဘောက် သုံးခု၊ ကိုးလုံးကျည် ၂၉ တောင့်နှင့် အခြားလက်လုပ်သေနတ်များ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

ထို့ပြင် အတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆုတ်ခွားထွက်ပြေးသွားသည့် စစ်ကောင်စီအဖွဲ့မှ ဒေသခံများရှိရာ နေအိမ်၊ ကျေးရွာများပေါ်သို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ KNLA တပ်ရင်း-၉၊ PDF တပ်ရင်း-၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း(ရိုးမ-၂ စစ်ကြောင်း) တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ စစ်တောင်းမြစ်ဝှမ်းဒေသများဖြစ်သည့် ကျောက်တံခါး၊ ကျောက်ကြီး၊ ရွှေကျင် စသည့်မြို့နယ်များတွင် စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ရေးတင်းမားမှုများဖြစ်ပွားနေပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း ရွာကြီးအင်း ကျေးရွာသို့စစ် ကြောင်းထိုးဝင် ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ ကြောင်း တောင်ပိုင်းစစ်ဒေသထံက သိရသည်။

ဓာတ်ပုံ – အမှတ်-၂ စစ်ဒေသခွဲ ၊ တောင်ပိုင်းတိုင်း
#ကျောက်တံခါး #တိုက်ပွဲ #စစ်ကောင်စီ #PDF #KNLA #Ayeyarwaddy_Times