ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်နှင့် အနီးတဝိုက်မြို့ နယ်များသို့ PDF များနှင့် လက်နက်ခဲယမ်းများတင် ဆောင်လာခြင်းမရှိစေရန်နှင့် မြို့နယ်တည်ငြိမ်အေး ချမ်းစေရန်ဟု စစ်ဆေးရေးအကြောင်းပြ၍ စစ်ကောင်စီက အမြန်လမ်းမနှင့် မြို့အဝင်တိုးဂိတ်တို့တွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

မိတ္ထီလာမြို့တည်ငြိမ်အေးချမ်းစေရေး၊ PDFများနှင့် လက်နက်ခဲယမ်းများ မဝင်ရောက်စေရေးအတွက် စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့တွင် မိတ္ထီလာ၊ မလှိုင်၊ တောင် သာ၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ သာစည်နှင့် ပျော်ဘွယ်တို့မှ PDFဓာတ်ပုံများနှင့် မှတ်ပုံတင်တို့ကို တိုက်ဆိုင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ‌တပ်ထောက်ခံဝါဒဖြန့်ချန်နယ်များက ဖော်ပြထားသည်။

စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက ယင်းသို့အကြောင်းပြကာ ခရီးသွားပြည်သူများနှင့် ဒေသခံများကို ငွေညှစ်ခြိမ်းခြောက်မှု များပြုပ်လုပ်လျက်ရှိကြောင်း သိရသည်။

“အမြန်လမ်းမှာ ဂိတ်ကြေးကောက် ပိုက်ဆံတောင်းနေတာပါ။ စစ်တာ လက်ခံပါတယ်။ ခုဟာကလက်နက်ပြပြီး မိုက်မိုက် ရိုင်းရိုင်းတွေဆဲဆို ရမ်းကားပြီး ပိုက်ဆံတောင်းနေတာပါ။ စစ်ဆေးတာဆိုပြီး ရွာတွေအထိ ဝင်စစ်တာတွေရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ထောင်ထွက်လူမိုက် လူရမ်းကားများမှာ လက်နက် ကိုင်ဆောင်၍ မိတ္တီလာ၊ မလှိုင်နှင့် တောင်သာမြို့ နယ်အစပ်များရှိ ကျေးရွာများနှင့် အမြန်လမ်းမကြီးတို့တွင် လုံခြုံရေးဟုအကြောင်းပြကာ ဒေသခံပြည်သူများကို ရမ်းကားဆဲဆိုလျက် ငွေညှစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

#မန္တလေး #မိတ္ထီလာ #စစ်ကောင်စီ #လုံခြုံရေးအကြောင်းပြ #ပိုက်ဆံတောင်း #Ayeyarwaddy_Times