
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
စစ်တပ်အာဏာသိမ်းထားချိန်၌ လူမှုကွန်ရက်စာမျက်နှာများတွင် တရုတ်ဇနီးပြုလုပ်ရန်စည်းရုံးသိမ်းသွင်းကာ မန္တလေးမြို့တွင် တရုတ်မိသားစုသုံးဦးနှင့် လူကုန်ကူးဂိုဏ်းဖမ်းမိပြီး အမျိုးသမီး ၁၄ ဦးကယ်တင်နိုင်ခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့၌ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်သုံးဦးတို့ကို စစ်ဆေးရာတွင် တရုတ်ဇနီးပြုလုပ်ရန် ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်းပါဝင်သည်။
အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်ဇနီးပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်ကြာင်းသိရသည်။
ထို့ပြင် တရုတ်ဇနီးလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို မန္တလေးမြို့ရှိ နေအိမ်တစ်ခုတွင် စုစည်းထိန်းချုပ်ထားကြောင်းထုတ်ပြန်သည်။
အမျိုးသမီးငယ်များသည် အလုပ်အကိုင်ရရှိရေးအတွက် လူမှုကွန်ရက် Facebook, TikTok များမှတစ်ဆင့် အလုပ်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံရသူများဖြစ်ကြသူများဖြစ်သည်။
” သိပ်မကြာ သေးဘူးထင်တယ်။ Facebook ပေါ်မှာ တရုတ်မိန်းမလုပ်ဖို့ခေါ်တဲ့ vedio ဖိုင်တက်လာတွေ့တယ်။ ရိုက်ထားတဲ့နေရာက မန္တလေးကျုံး နောက်ခံနဲ့ မန္တလေးမှာရိုက်ထားတာ။ ကောင်မလေးတစ်ယောက်ပဲ ငွေဘယ်လောက်တင်တောင်းပါမယ်ဆိုပြီးတော့ ပေါ်တင်ကြော်ငြာနေတာ ” ဟု လူမှုကွန်ရက်
အသုံးပြုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
တရုတ်နိုင်ငံသား အမျိုးသားနှင့် လက်ထပ်ရန်အတွက် ဂိုဏ်းဖွဲ့၍ စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားသည် မန္တလေးမြို့တွင်အခြေစိုက်ကာ ကြားခံပွဲစားသုံးဦး လူပွဲစား မမေထက်နိုင်ဦး (ခ) မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး wechat group မှ မိန်းကလေး များရှာဖွေ ကြောင်းသိရသည်။
ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် တရုတ်ယောကျ်ားယူရန် အမျိုးသမီးငယ်များအား ပို့ဆောင်ပေးခဲ့သော်လည်း ခွဲတမ်းနည်းသဖြင့် မန္တလေးမြို့တွင်အခြေပြုပြီး ကိုယ်တိုင် တရုတ်မယားပြုလုပ်မည့်သူများကို လူမှူကွန်ရက်စာမျက်နှာမှတဆင့်ရှာ ဖွေကြောင်း စစ်ကောင်စီထုတ်
ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်ဇနီးပြုလုပ်နိုင်ရန်အတွက် ယခင်က နယ်စပ်ဒေသမှတစ်ဆင့် စည်းရုံးခေါ်ယူပို့ဆောင်နေရာမှ ယခုအခါ ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
မန္တလေးမြို့၌အခြေချ၍ လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ မေထက်နိုင်ဦး (ခ) မထက် နှင့် မဇင်သူခိုင်တို့ တိမ်း ရှောင်ထွက် ပြေးနေ ကြောင်းသိရသည်။
ယင်းအဖွဲ့ခေါင်းဆောင် ဒေါ်နန်းဆိုင်ခမ်း (ခ) မားမား (ဖမ်းဆီးရမိ)၊ ချစ်ထူး (ဖမ်းဆီးရမိ)၊ မဖြိုးဖြိုးဝေ (ဖမ်းဆီးရမိ) တို့ကို သက်ဆိုင်ရာ ရဲစခန်းများက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုဖွင့်
ထားသည်။
အဆိုပါတရုတ်မိသားစုသုံးဦးဖြစ်သူ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN (ဖမ်းဆီးရမိ)တို့ကို တံတားဦးနှင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၀/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်အမှုဖွင့်ထား ကြောင်းသိရသည်။
#မန္တလေး #လူကုန်ကူးဂိုဏ်းအဖွဲ့ #တရုတ်မိသားစုဖမ်းမိ
#အမျိုးသမီး၁၄ဦးကယ်တင်နိုင်
#Ayeyarwaddaytime
ဓာတ်ပုံ – စစ်ကောင်စီ