ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

ယူကရိန်းသို့ ဒေါ်လာ ၄၂၅ သန်းတန်ကြေးရှိ လုံခြုံရေးအကူအညီ ထောက်ပံ့ပေးဖို့ အမေရိ ကန် နိုင်ငံက ကြေညာလိုက်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှဦ လေကြောင်းရန် ကာ ကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေ၊ လက်နက်ကြီးကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တင့်ဖျက်လက်နက် တွေ ပါဝင်ပါတယ်။

“ယူကရိန်းနိုင်ငံရဲ့ အရေးကြီးတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေး မယ့် ထပ်တိုး လုံခြုံရေးအကူအညီကို ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ယခုကြေညာ ချက်ဟာ အမေရိကန်အစိုးရရဲ့ ၆၉ ကြိမ်မြောက် စစ်ရေးအကူအညီပေးမှုဖြစ်ပါတယ်” လို့ ပင်တဂွန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ခန့်မှန်းချေ ဒေါ်လာ ၄၂၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ် ရေးပစ္စည်းတွေ၊ ဒုံးကျည်တွေ၊ အမြောက်ကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တင့်ဖျက်လက်နက်တွေ ပါ ဝင်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။

မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ ခန့် ရုရှားနိုင်ငံမှာ ရောက်နေပြီး ကာတ်စ်ဒေသသို့ ၈၀၀၀ ခန့် စေလွှတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာပြီးနောက် အခုလို ထပ်တိုး အကူအညီ ပေးတာပါ။

“မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ယူကရိန်းတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ အသုံးပြုတာ မတွေ့ရ သေးပေမယ့် လာမယ့်ရက်တွေအတွင်း ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်လာဖို့ မျှော် မှန်းရပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားက မြောက်ကိုရီးယားတပ်ဖွဲ့တွေကို လက်နက်ကြီး၊ ဒရုန်း၊ အခြေခံ ခြေလျင်စစ်ဆင်ရေး သင်တန်းတွေ ပေးနေပြီး ရှေ့တန်းစစ်ဆင်ရေးတွေမှာ အသုံးချဖို့ ရည်ရွယ်ထားပါတယ်လို့ သူက ဆိုပါ တယ်။

ကိုးကား – ANI
Ref; US pledges USD 425 million to Ukraine, defence package includes armoured vehicles, anti-tank weapons

#Ayeyarwaddy_Times