ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

အီရန်နိုင်ငံက လာမယ့်ရက်တွေအတွင်း အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့ ပြင်ဆင်လာနိုင်တယ်လို့ အစ္စရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစ္စရေးနဲ့အီရန်ဟာ မကြာသေးမီက အပြန်အလှန် တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိမ်နီးချင်း အီရတ်နိုင်ငံရှိ အီရန်လိုလားတဲ့ စစ်သွေးကြွတွေမှတစ်ဆင့် တိုက်ခိုက်မှုတစ်ခု ပြုလုပ် နိုင်တယ်လို့ အမေရိကန်သတင်းဝဘ်ဆိုဒ် Axios က ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်အမြောက်အများ ပါဝင်ဖွယ်ရှိတယ်လို့ ထောက်လှမ်းရေး အဖွဲ့ကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။

နိုဝင်ဘာလ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာ တိုက်ခိုက်မှုတစ်ရပ် ဖြစ်လာနိုင် တယ်လို့ အီရန် တာဝန်ရှိသူတွေကို ကိုးကားပြီး The New York Times က ဖော်ပြပါတယ်။

ယခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့အပတ်အတွင်း အီရန် စစ်ရေးပစ်မှတ်တွေအပေါ် အစ္စရေးရဲ့ လေ ကြောင်းတိုက်ခိုက်မှုတစ်ခုအတွက် လက်တုံ့ပြန်မှု ဖြစ်လာမှာပါ။

အီရန်နိုင်ငံဟာ အောက်တိုဘာလ ၁ ရက်က အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးဟာ အီရန်ရဲ့ လက်တုံ့ပြန်မှုခံရမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ တပ်မှူး ဖြစ်သူ ဗိုလ်ချုပ် ဟူစိန်ဆာလာမီက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အစ္စရေးက အီရန်နိုင်ငံရဲ့ ဘယ်နေရာကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Report: Iran possibly preparing to attack Israel through militias in Iraq

#Ayeyarwaddy_Times