ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းမှာ အောင်ပွဲရချိန်အထိ ရုရှားဘက်မှ ရပ်တည်မယ်လို့ နိုင်ငံ ခြားရေးဝန်ကြီး ချိုဆွန်ဟွေးက ပြောပါတယ်။
မော်စကိုမြို့တော်မှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် သူက ထုတ်ပြန်ချက်တစ်ခုအတွင်း အခုလို ပြောကြားခဲ့တာပါ။
ထောင်ချီတဲ့ မြောက်ကိုရီးယားစစ်သားတွေ ရုရှားနိုင်ငံမှာရောက်နေပြီး ၎င်းတို့ကို ယူကရိန်းမှာ အသုံးပြုဖွယ်ရှိတယ်လို့ အနောက်နိုင်ငံတွေက ပြောကြားနေချိန်မှာ သူက မော်စကိုမြို့သို့ ရောက်ရှိလာပါ တယ်။
“အောင်ပွဲရတဲ့အချိန်ထိ ရုရှားနိုင်ငံဘက်မှ ကျွန်မတို့ ခိုင်မာစွာ ရပ်တည်ပါမယ်။ ရုရှားသမ္မတ ဗ လာဒီမာပူတင်ရဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုအောက်မှာ ရုရှားစစ်တပ်နဲ့ ပြည်သူတွေဟာ အချုပ် အခြာအာဏာနဲ့ တိုင်းပြည်လုံခြုံရေး ခုခံကာကွယ်တဲ့စစ်ပွဲမှာ သေချာပေါက် အောင်ပွဲရမှာပါ” လို့ ၎င်းက ဆိုပါတယ်။
နှစ်နိုင်ငံစစ်တပ်ကြား နီးကပ်သော ဆက်ဆံမှုက ဆာဂျီလာရော့ဗ်က ချီးကျူးခဲ့ပါတယ်။ “ရုရှားနဲ့ မြောက်ကိုရီးယား နီးကပ်သောဆက်ဆံရေးဟာ ပြည်သူတွေအတွက် လုံခြုံရေးပြဿနာကို ဖြေရှင်းရာ မှာ အထောက်အပံ့ဖြစ်စေမှာပါ” လို့ သူက ပြောပါတယ်။
ယူကရိန်းအရေးမှာ မူဝါဒအခြေခံရပ်တည်ချက်ကြောင့် ရုရှားနိုင်ငံက မြောက်ကိုရီးယားမိတ်ဆွေ ကို ကျေးဇူးအရမ်းတင်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားစစ်သည် ၈၀၀၀ ခန့်ဟာ ရုရှားနိုင်ငံမှာ လေ့ကျင့်နေပြီး ယူကရိန်းစစ်ပွဲမှာ တိုက်ခိုက်ဖို့ စေလွှတ်နိုင်တယ်လို့ အမေရိကန်နိုင်ငံက ပြောကြားထားပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံသို့ စေလွှတ်တာကို အရေးမယူတဲ့ ယူကရိန်းသမ္မတ ဇီ လန်စကီးက ကြာသပတေးနေ့မှာ ရှုတ်ချခဲ့ပါတယ်။
ကိုးကား – AFP
Ref; North Korea says it will stand by Russia until ‘victory’ in Ukraine
#Ayeyarwaddy_Times