ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

ထိုင်ဝမ်သို့ စစ်လက်နက်တွေထောက်ပံ့မှုက ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် စစ်ရေးကွာဟ ချက်ကို မီလာမှာမဟုတ်ဖူးလို့ တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

“အမေရိကန်ထုတ် စစ်လက်နက်တွေကြောင့် ရေလက်ကြားဖြတ်ကျော် စစ်ရေးအင်အား ကွာဟ ချက် မီလာမှာမဟုတ်သလို တရုတ်ရဲ့ ပြန်လည်ပေါင်းစည်းရေး အလားအလာကို ရပ်တန့်စေမှာမဟုတ် ဖူး” လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျော်ကျားဂန်က ပြောပါတယ်။

မြေပြင်-ဝေဟင်ခွင်းဒုံးကျည်တွေ၊ ရေဒါစနစ်တွေ အပါအဝင် ပြီးခဲ့တဲ့အပတ်အတွင်း အမေရိကန် နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ (၂) ဘီလီယံနီးပါးတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အတည်ပြုမှုကို သူက အခုလို တုံ့ပြန်တာပါ။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချဖို့ အတည်ပြုတာ တရုတ်တစ်နိုင်ငံတည်းမူ ဝါဒကို ချိုးဖောက်ယုံသာမက တရုတ်-အမေရိကန် ပူးတွဲ သဘောတူညီချက်တွေကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

“စစ်လက်နက်ရောင်းချမှုတွေက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိခိုက်စေ ပြီး တရုတ်-အမေရိကန်ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေသလို ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးအဖွဲတွေအတွက် မှားယွင်းတဲ့ သတင်းစကား တစ်ခု ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိခိုက်စေဖို့ လွတ်လပ်သော ရေကြောင်း သွားလာမှုကို အသုံးပြုနေတဲ့ တိုင်းပြည်အချို့ကို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ ထိုင်ဝမ်ရေလက် ကြားတစ်လျှောက် စစ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်မှုနဲ့ပတ်သက်လို့ သူက ပြောပါတယ်။

“အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ်နိုင်မယ့် ဘယ်လို ခြိမ်းခြောက်မှု မျိုးနဲ့ ရန်စမှုမျိုးကိုမဆို လက်တုံ့ပြန်ဖို့ တရုတ်စစ်တပ်က အမြဲ ပြင်ဆင်ထားပါတယ်” လို့ ၎င်းက ဆက် ပြောပါတယ်။

တရုတ်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘော လျောင်နင်နဲ့ ရှန်တုန်တို့ဟာ အငြင်းပွား တောင်တရုတ် ပင်လယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; China says US arms supply to Taiwan won’t close cross-Straits military gap

#Ayeyarwaddy_Times