ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁ ရက်
အနောက်နိုင်ငံတွေက ယူကရိန်းနိုင်ငံကို ကူညီပါက မြောက်ကိုရီးယားလို မဟာမိတ်တွေက ဘာ ကြောင့် ရုရှားကို မကူညီနိုင်ရမလဲလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက မေးခွန်းထုတ်လိုက်ပါ တယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီနီဘန်ဇီယာဟာ လုံခြုံရေးကောင်စီ အစည်းအ ဝေးမှာ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အခြားတိုင်းပြည်တွေရဲ့ ကန့်ကွက်မှုကို ရင် ဆိုင်ခဲ့ရပြီး ရုရှားဟာ မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ အကူအညီရယူဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်တယ်လို့ အဆိုပါတိုင်းပြည်တွေက စွပ်စွဲခဲ့ပါတယ်။
“ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်တဲ့ ကျူးကျော်တိုက်ခိုက်မှုကို ထောက်ခံအားပေး တာ တရားမဝင်ပါဘူး။ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားကို စေလွှတ်တာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံ အမတ်ကြီး ဂျွန်ကွတ်ဟွမ်က ပြောပါတယ်။
ရုရှားစစ်တပ်ရဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်မှုက နိုင်ငံတကာဉပဒေကို မချိုးဖောက်ဖူးလို့ ဗက် ဆီလီနီဘန်ဇီယာက ပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်မှုကို ရုရှားက မ ငြင်းဆန်ခဲ့ပါဘူး။
“အနောက်နိုင်ငံတွေက ရုရှားနဲ့မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှုကို ဒဏ်ခတ်ပိတ် ဆို့ဖို့ ကြိုးပမ်းနေပေမယ့် ယူကရိန်းအစိုးရကို ကူညီပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။ ရုရှားရဲ့မဟာမိတ် တွေကြတော့ အဲလို လုပ်ပိုင်ခွင့်မရှိပါဘူး” လို့ သူက ဆိုပါတယ်။
ယူကရိန်းကို ပံ့ပိုးကူညီနေတဲ့ ဘယ်တိုင်းပြည်ကမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို မခံရပါဘူး” လို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဆာဂျီခိုင်လစ္စညာက ပြောပါ တယ်။
“အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြောက်ကိုရီးယားထံမှ အကူအညီ လက်ခံတာဟာ ကု လသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်မှုဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်ကို ကူညီဖို့ မြောက်ကိုရီး ယားတပ်ဖွဲ့တွေ စေလွှတ်တာဟာ အပြည်ပြည်ဆိုင်ရာဉပဒေကို ချိုးဖောက်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ဆက်လက်ပြီး ခြိမ်းခြောက်ရင် ကျွန်တော်တို့ လိုအပ်တဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်မှာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ဆောင်ကင်က လုံခြုံရေးကောင်စီကို ပြောပါတယ်။
“ရုရှားကိုကူညီဖို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ယူကရိန်းကိုဝင်လာရင် သူတို့ရဲ့ အလောင်းအိတ် တွေကို သေချာပေါက် ပြန်ပေးရမှာပါ။ အဆင်ခြင်မဲ့ အန္တရာယ်ရှိတဲ့ အပြုအမူမလုပ်မီ နှစ်ကြိမ် စဉ်းစားဖို့ ဉက္ကဌ ကင်ကို ကျွန်တော် သတိပေးပါတယ်” လို့ အမေရိကန် ဒုတိယသံအမတ်ကြီး ရောဘတ်ဝုဒ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သတိပေးခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Russia asks at UN: If West aids Ukraine, why can’t North Korea help us?
#Ayeyarwaddy_Times