
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
နှစ်နဲ့ချီကြာတဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ် ခိုအောင်းရာနေရာတစ်ခုအဖြစ် ပြောင်းလဲစေခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ခ်က ပြောကြားပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် စတင်နိုင်ဖို့ ပရမ်းပတာတွေဖြစ်နေစဉ်မှာ ကျွန်မတို့ အခြေခံတူ ညီမှုကို ဆက်လက်ရှာဖွေရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အင်္ဂါနေ့က နယူးယောက်မြို့တော်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သြစတြေး လျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘီးရှော့ခ်က အခုလို ပြောခဲ့တာပါ။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပြင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ၎င်းက ဝန်ခံပါတယ်။
စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းကတည်းက မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်ခဲ့တာပါ။
ပြည်သူ (၃) သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပြီး စစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေမြုပ်မိုင်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်နေတယ် လို့ ဂျူလီဘီးရှော့ခ်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဉပဒေမဲ့အခြေအနေကို ရောက်ရှိနေပြီး တရားမဝင် လက်နက်ရောင်းချမှု၊ မူးယစ် ဆေးဝါးနဲ့ လူမှောင်ခိုကူးမှုတွေ မြင့်တက်လာတယ်လို့ သူက ဆိုပါတယ်။
မြန်မာပဋိပက္ခဟာ အမေ့လျော့ခံ အကျပ်အတည်းတစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ၎င်း က သတိပေးခဲ့ပါတယ်။
ကိုးကား – NHK
Ref; UN envoy for Myanmar warns of rampant crime
#Ayeyarwaddy_Times