
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ တိုက်ခိုက်လာနိုင်မှုကို ခုခံကာကွယ်နိုင်ရေး စစ်လက်နက်ထုတ် လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့ Aero Vironment နဲ့ Anduril Industries တို့ထံမှ တိုက်ခိုက်ရေးဒရုန်း အ စင်း ၁၀၀၀ ထက်မနည်း ဝယ်ယူဖို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်အစိုးရနဲ့ တရားဝင် သဘောတူညီချက်တွေ လက်မှတ်ရေးထိုးလိုက်ပါပြီ။
ဒရုန်းအရေအတွက်၊ ဒေါ်လာတန်ဖိုးနဲ့ ဒရုန်းတွေ ပေးပို့ရမယ့်ရက်တွေပါဝင်တဲ့ သဘောတူညီ ချက်တွေကို ထိုင်ဝမ်က စက်တင်ဘာလအတွင်း လက်မှတ်ထိုးခဲ့တာပါ။
မျက်မှောက်ခေတ်စစ်ပွဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှုတွေဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာ ခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့တွေဟာ သူလျှိုလုပ်ဖို့၊ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ထောင်ချီတဲ့ဒရုန်းတွေ ဖြန့်ကြက်ခဲ့သလို ဧပြီလအတွင်း အီရန်ရဲ့ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုမှာ ဒရုန်းတွေကို အသုံးပြုခဲ့ပါ တယ်။
ထိုင်ဝမ်နဲ့အမေရိကန်ဟာ ယူကရိန်းစစ်ပွဲမှ အရေးပါတဲ့သင်ခန်းစာတွေကို သင်ယူနေပြီး အနာ ဂတ်ဝယ်ယူမှုမှာ အဆိုပါသင်ခန်းစာကို ထည့်သွင်းစဉ်းစားတယ်လို့ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး မတ်ခ်မောင့်ဂိုမာရီက ပြောပါတယ်။
ဒေါ်လာ သန်း ၃၆၀ တန်ကြေးရှိ တိုက်ခိုက်ရေးဒရုန်းတွေ ထိုင်ဝမ်သို့ ရောင်းချဖို့ နိုင်ငံခြားရေးဝန် ကြီးဌာနက ဇွန်လအတွင်း ကွန်ဂရက်ကို အကြောင်းကြားခဲ့ပါတယ်။
Altius 600M-V ဆိုတာ အကွာအဝေး ကီလိုမီတာ ၁၆၀ ခန့်ကို နှစ်နာရီအတွင်း ရောက်ရှိနိုင်ကာ Aerp Vironment ဒရုန်းက အကွာအဝေး ၃၀ ကီလိုမီတာအထိ ပျံသန်းနိုင်တဲ့ တင့်ဖျက်ထိပ်ဖူး တပ်ဆင် ထားပါတယ်။
ကိုးကား – Bloomberg
Ref; Taiwan moves to buy 1,000 attack drones from US
#Ayeyarwaddy_Times