ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

မြောက်ကိုရီးယားနိုင်ငံက လာမယ့်လ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် အ ပြီးမှာ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်နိုင် သို့မဟုတ် နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်နိုင် တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ထောက်လှမ်းရေးအေဂျင်စီမှ အာဏာပိုင်တွေက အောက်တိုဘာလ ၃၀ ရက်မှာ မြောက်ကိုရီး ယားရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို လွှတ်တော်ကော်မတီတစ်ရပ်ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်ဖို့ ရွေ့လျားပစ်စင်တစ်ခုကို သီးသန့်ဧရိယာတစ်ခုမှာ ဖြန့်ကြက်ခဲ့ပေမယ့် မည်သည့်ဒုံးကျည်မျှ တပ်ဆင်ရခြင်းမရှိသေးဘူးလို့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

နိုဝင်ဘာလမှာပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်နိုင်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Punggye-ri နျူကလီးယားစမ်းသပ်နယ်မြေအတွင်း ပြင်ဆင်မှုတွေပြုလုပ်တာ ပြီးစီးလုပြီလို့ ၎င်းတို့က ပြောပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားက သတ္တမအကြိမ်မြောက် နျူ ကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်ပြီး ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ သိ ရပါတယ်။

ရုရှားနိုင်ငံရောက် မြောက်ကိုရီးယားတပ်ဖွဲ့အချို့ကို ရှေ့တန်းသို့ ရွှေ့ပြောင်းလိုက်ပေမယ့် တိကျ သော သတင်းအချက်အလက် မရှိဘူးလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

ကိုးကား – NHK
Ref; S.Korea: North could launch ICBM or conduct nuclear test next month

#Ayeyarwaddy_Times