အေးစိ/ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဩဂုတ်လ ၁၆ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်ဘေးရှောင်ပြည်သူများတွင် ဆေးဝါးမလုံလောက်မှုကြောင့် အသက်ဆုံးခဲ့ရသူ ၅၀ ဦးအထိရှိနေကြောင်း စစ်ဘေးရှောင်စခန်းကော်မတီထံမှ သိရသည်။
မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံလူဦးရေ ၃ ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူ ၅ ဦး ရှိသည့်အပြင် ခြေပြတ်၊ လက်ပြတ်သူ အများအပြားရှိနေပြီး ဆေးဝါမလုံလောက်မှုကြောင့် ကုသမှူမခံရဘဲ အသက်ရှုံးဆုံးသူ ၅၀ ဦးခန့်ရှိကြောင်း သိရသည်။
” တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၃ ဦးသေတယ်။ ၅ ဦး ဒဏ်ရာပြင်းထန်းတယ်။ ခြေပြတ်လက်ပြတ်တွေလည်းရှိနေတယ်။ ဆေးဝါးမလုံလေကာ်မှုကြောင့် ကိုယ်ဝန်ပျက်ကျသူလည်းများတယ်။ ဆေးဝါးအလုံလောက်မရှိတာကြောင့် အသက်ဆုံးခဲ့ရသူ ၅၀ ဦးအထိရှိနေပါတယ်။ စားနပ်ရိက္ခာလည်းခက်ခဲလာတယ် အလှုရှင်လည်းအရမ်းလိုအပ်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ ပိတ်ဆို့တားဆီးမှုများကြောင့် အလှူရှင်နည်းသွားကြောင်း လက်ရှိမိုးတွင်းကာလတွင် ဆန်စပါးများရေစိုပျက်စီးမှုကြောင့် စားနပ်ရိက္ခာ လုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင်စခန်းကော်မတီ၏ တာဝန်ရှိသူက ဆိုသည်။
“စစ်ဘေးရှောင်ကာလတွင် ဆေးဝါးနှင့်စားနပ်ရိက္ခာက အဓိကဖြစ်ပါတယ်။ မိုးတွင်းဆိုတော့ ဖွတ်ထားတဲ့ဆန်တွေလည်း မိုးရေစိုလို့ပျက်စီးကုန်တယ် ဆိုတော့ ပြည်တွင်းပြည်ပ အလှူခံတယ် အစပိုင်းမှာတော့ ကန္ဍအသီးသီးမှာအသုံးပြုနိုင်တယ် လုံလောက်မှုရှိပေမဲ့ နောက်ပိုင်းတွင် စစ်ကောင်စီပိတ်ဆို့မှုကြောင့် အလှူရှင်နည်းသွားတယ်။ စားနပ်ရိက္ခာလည်းခက်ခဲလာတယ် အလှုရှင်လည်းအရမ်းလိုအပ်တယ်” ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့၏ လူဦးရေ ၃ သောင်းကျော်အနက် ၉၅၀၀ ခန့်မှာ ပြီးခဲ့သည့် မေလအတွင်းက စတင်ကာ တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာသည်အထိ စစ်ဘေးရှောင်နေရပြီး ယနေ့အချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။