ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်

မကြာသေးမီက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်ခေါင်းဆောင်တွေအပေါ် ထပ်မံပြီး ဒဏ်ခတ်အရေးယူ ဖို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေအတွက် ကြိုးပမ်းမှုတွေ ပြန်ပြီးအားစိုက်ဖို့ လိုအပ်နေတာကို ပြသနေပါတယ်။

အောက်လွှတ်တော်က အတည်ပြုထားတဲ့ Burma Act ကို အတည်ပြုရေး အထက်လွှတ်တော်က လုပ် ဆောင်ဖို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေက အကြံပြုနေပါတယ်။

Burma Act ကို အတည်ပြုပါက အာဏာသိမ်း စစ်ကောင်စီအတွက် အရေးပါတဲ့ ဝင်ငွေရပေါက်လမ်း တစ်ခုဖြစ်တဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်နိုင်မှာဖြစ်ပါ တယ်။

ဇူလိုင်လနှောင်းပိုင်းမှာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေကွက်မျက်ခဲ့မှုက စစ်အာဏာ ရှင်တွေအပေါ် ဖိအားပိုပေးနိုင်ရေး အမေရိကန် လွှတ်တော်အမတ်တွေနဲ့ အာဆီယံနိုင်ငံတွေကို ပိုအားစိုက်ဖို့ တောင်းဆိုမှုတွေ ရှိလာစေပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာစစ်ကောင်စီအပေါ် အဓိပ္ပာယ်ရှိသော ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ အ ချိန်ကျပြီလို့ မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ဦးဖြစ်တဲ့ အထက်လွှတ် တော် လူမျိုးစုခေါင်းဆောင် မစ်မတ်ကော်နယ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို ဒဏ်ခတ်အရေးယူတာမလုပ်ဘူးဆိုရင် အမေရိကန်နိုင်ငံက မြန်မာစစ်တပ်နဲ့ ဝင်ငွေရပေါက်တွေကို ဒဏ်ခတ်အရေးယူရလိမ့်မယ်လို့ သူက ဆိုပါတယ်။

“အမေရိကန်နိုင်ငံက လုပ်ဆောင်မယ့်အစီအစဉ်ထဲမှာ မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ် ခတ်အရေးယူတာတွေ ပါဝင်တယ်” လို့ ၄င်းက ပြောပါတယ်။

ဥရောပသမဂ္ဂက ဖေဖော်ဝါရီလအတွင်း MOGE ကို ဒဏ်ခတ်အရေးယူမှုကြောင်း ကြေညာခဲ့ပြီး စစ်တပ်က MOGE ကို ထိန်းချုပ်ထားဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ပြောပါ တယ်။

မကြာသေးမီက စစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုက အိမ်နီး ချင်းတိုင်းပြည်တွေကို ခံပြင်းမှုတွေ ဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်ပေးခံထားရတဲ့ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူ ဒါဇင်နဲ့ချီ ရှိနေဆဲပဲလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကွက်မျက်မှုတွေ ထပ်လုပ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားစရာအရာတွေ ရှိလာမယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

အာဆီယံပြင်ပက အာဏာသိမ်းစစ်ကောင်စီနဲ့ အနီးကပ်ဆုံးဆက်ဆံရေးရှိတဲ့ တရုတ်နဲ့ရုရှားက စစ်တပ် ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ဖိအားပေးမယ့်ပုံ မရှိပါဘူး။

နိုဝင်ဘာလအတွင်းပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ လာမယ့်သုံးလအတွင်း ဘာတွေဖြစ်လာမလဲ ဆိုတာကို အာဆီယံနိုင်ငံတွေက စောင့်ကြည့်နေတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဗန်ကောက်မြို့မှာ ပြောကြားခဲ့ပါတယ်။

အခြားအဖွဲ့ဝင်နိုင်ငံတွေကို စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ မပြုလုပ်လိုတဲ့ အာဆီယံနိုင်ငံတွေက စစ် ခေါင်းဆောင်တွေအပေါ် ဖိအားပေးမှု တိုးမြှင့်နိုင်မယ့်နည်းလမ်းတွေ ဆွေးနွေးနေတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Daily Mail
Ref; Myanmar executions revive pressure for more sanctions