ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်

မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀ ခန့်အကွာ ရုရှားနိုင်ငံတွင်း ရောက်နေပြီလို့ ယူကရိန်း တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး ဗြိတိန်မီဒီယာ The Financial Times က ဖော်ပြပါတယ်။

ရုရှားအနောက်ပိုင်း ကာတ်စ်ဒေသမှ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃၀၀၀ ခန့်ကို အရပ်ဘက်ထ ရပ်ကားတွေနဲ့ အရှေ့ဖျားဒေသသို့ လျှို့ဝှက် ပို့ဆောင်လိုက်ပြီလို့ ယူကရိန်းထောက်လှမ်းရေးအဖွဲ့မှ အ ကြီးတန်း တာဝန်ရှိသူတွေကို ကိုးကားပြီး အဆိုပါဗြိတိန်သတင်းစာက ပြောပါတယ်။

မြောက်ကိုရီးယားအထူးတပ်ဖွဲ့ဝင် ၃၀၀၀ ခန့်ကို ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၅၀ ခန့်အကွာ စစ်တန်းလျားတွေမှာ နေရာချထားတယ်လို့ ယင်းသတင်းစာက ဆိုပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိသလို ၎င်းတို့ရဲ့ အတွေ့အကြုံက မျက်မှောက်ခေတ်စစ်ပွဲရဲ့ ပကတိအရှိတရားမှ ကင်းကွာနေတယ်လို့ The Financial Times က ပြောပါ တယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ယူကရိန်းနိုင်ငံတွင်း ရောက်ရှိနေပြီလို့ CNN သတင်းဌာနက ဖော်ပြပေမယ့် အမေရိကန်နိုင်ငံက အဆိုပါသတင်းတွေကို အတည်မပြုဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အချို့ကို ယူကရိန်းရှိ ရှေ့တန်းစစ်မြေပြင်သို့ ရွှေ့ပြောင်းလိုက်ပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြောက်ကိုရီး ယားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေးဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ ရော့ဗ် အပါအဝင် ရုရှား တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဗုဒ္ဓဟူးနေ့က မော်စကိုမြို့တော်သို့ ရောက် ရှိလာခဲ့ပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပေမယ့် ရုရှား သမ္မတ ဗလာဒီမာပူတင်က ချိုဆွန်ဟွေးနဲ့ တွေ့ဆုံဖို့အစီအစဉ် မရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။

ကိုးကား – NHK
Ref; N.Korean troops 50 kilometers from Ukraine’s border, reports UK media

#Ayeyarwaddy_Times