
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ် သုံ့ပန်းများထားရှိသည့် အချုပ်ဆောင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီစစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၁ နာရီ တွင် လေကြောင်းမှထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူလေးဦးရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်သုံ့ပန်း စခတ ၂၊ ၇ မိုင် မှ အသက် (၄၃) နှစ်ရှိ ဗိုလ်မှူး နေဝင်း၊ စခတ ၂၊ သပိတ်ကျင်းမှ အသက် (၄၉) နှစ်ရှိ တပ်ကြပ်ကိုကိုအောင်၊ အမတ ၃၁၉၊ မိတ္ထီလာမှ အသက် (၄၉) နှစ်ရှိ တပ်ကြပ်ကြီးစာရေး အောင်လွင်၊ ပျူစောထီး အသက် (၅၄) နှစ်ရှိ ဂျော်နီအောင် တို့ စုစုပေါင်း လေး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ကလည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့၍ ဖမ်းဆီးရမိထားသည့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများထားရှိရာ အဆောက်အအုံကို ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ရှစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦးဝန်းကျင် ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၂ ရက်တာအတွင်း သေဆုံး သူ ၁၆ ဦးရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး) ထံက သိရသည်။
ဓာတ်ပုံ- မန္တလေး PDF
#မန္တလေး #ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တ လေး) #အချုပ်ဆောင် #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #ဗိုလ်မှူး #၁၆ ဦး #သေဆုံး #Ayeyarwaddy_Times