
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
လက်တုံ့ပြန်တိုက်ခိုက်မှုပုံစံ ဒုံးကျည်ပစ်ခတ်မှုတွေပါဝင်တဲ့ နျူကလီးယားတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ ကျင့်မှုတစ်ခုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာလ ၂၉ ရက်မှာ စတင်ပေးခဲ့တယ်လို့ သိ ရပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ နျူကလီးယားလက်နက်တွေ အသုံးပြုမှုကို ပုံစံတူလေ့ကျင့်မှာဖြစ်ပြီး နျူက လီးယား သယ်ဆောင်နိုင်တဲ့ ဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်တာတွေ ပါဝင်တယ်လို့ စစ်ခေါင်း ဆောင်တွေနဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှုမှာ ပူတင်က ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ ရန်သူနိုင်ငံက နျူကလီးယား တိုက်ခိုက်မှုပြုလုပ်လာရင် လက်တုံ့ပြန်တဲ့ မ ဟာဗျူဟာမြောက် ထိုးစစ်တပ်ဖွဲ့ရဲ့ လက်တွေ့လေ့ကျင့်မှုဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး အန်ဒရေဘီ လိုဆော့ဗ်က ပြောပါတယ်။
ရုရှားရဲ့ နျူကလီးယားတပ်ဖွဲ့ဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် ယုံ ကြည်စိတ်ချရသော တပ်ဖွဲ့တစ်ခုလို့ ပူတင်က ပြောပါတယ်။
ရုရှားအတွင်းပိုင်းကို အနောက်နိုင်ငံထုတ် စစ်လက်နက်တွေနဲ့ ယူကရိန်းကို တိုက်ခိုက်ခွင့်ပြုရင် နေတိုးအဖွဲ့က ရုရှားနဲ့ စစ်ဖြစ်တာလို့ ၎င်းက ပြီးခဲ့တဲ့လအတွင်း အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေကို သတိပေးခဲ့ပါတယ်။
ရုရှားနိုင်ငံက ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ခံလာရရင် နျူကလီးယားလက်နက်နဲ့ လက်တုံ့ပြန် မယ်လို့ သူက ကြေညာခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ဒီနှစ်အစောပိုင်းမှာ မဟာမိတ်ဖြစ်တဲ့ ဘီလာရုဇ်နိုင်ငံနဲ့ ပူးတွဲ နျူကလီးယား လေ့ ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဘီလာရုဇ်နိုင်ငံဟာ ရုရှားရဲ့ နျူကလီးယားလက်နက်အချို့ကို လက်ခံ ထားရှိပါတယ်။
ကိုးကား – AP
Ref; Putin launches drills of Russia’s nuclear forces featuring retaliatory strikes
#Ayeyarwaddy_Times