ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်
စစ်ကောင်စီက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူဖြန့်ဖြူးရောင်းချဖို့အတွက် စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီကို သြဂုတ်လ ၁ ရက်နေ့မှာ လူ ၁၀ ဦးနဲ့ စတင်ဖွဲ့စည်းတဲ့ အမိန့်စာကို စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။
အဲ့ဒီကော်မတီဥက္ကဌနေရာမှာ စစ်တပ်ပိုင်ကုမ္မဏီဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ကုမ္ပဏီဥက္ကဌ ယခင်စစ်ထောက်ချုပ်ဟောင်းလည်းဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး ညိုစော ကို ကော်မတီဥက္ကဌအဖြစ်စစ်ခေါင်းဆောင်ကတာဝန်ပေးခဲ့ပါတယ်။
အဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီလက်အောက်က ဝန်ကြီး ဌာန ၂ ခုရဲ့အမြဲတမ်းအတွင်းဝန် ၂ ဦးနဲ့ ပုဂ္ဂလိကစက်သုံးဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်တွေပါဝင်ပြီးအများစုက စစ်အုပ်စုနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံက စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီဟာ နိုင်ငံအတွက်လိုအပ်တဲ့ စက်သုံးဆီတွေကို ရုရှားနိုင်ငံမှ မှာယူတင်သွင်းပြီး သိုလှောင်ဖြန့်ဖြူးတာတွေအပါအဝင် စက်သုံးဆီ သင်္ဘောတွေအချိန်မီရောက်ရှိဖို့ဆောင်ရွက်ရမယ်လို့ဖော်ပြပါတယ်။