နိုင်း/ဧရာဝတီတိုင်းမ်
(မွန်)၊ ဩဂုတ်လ ၁၆ ရက်
မွန်ပြည်နယ်မှာ ဩဂုတ်လ ၁၆ ရက်နေ့က ရွာသွားခဲ့တဲ့ မိုးကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး ကားလမ်း တချို့ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်၊ ပေါင်၊ ဇင်းကျိုက်၊ ကျိုက်မရော၊ မုဒုံစတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် အဝေးပြေး ကားလမ်းတွေပေါ် ရေကျော်ပြီး ကားလမ်းတချို့ပိတ်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ မိုးက မနေ့ညကစပြီး ဆက်တိုက်ရွာနေတာ ဒီမှာက မိုးများရင် ရေကြီးပြီး အနိမ့်ပိုင်းတွေစရေမြုပ်တာ၊ မော်လမြိုင်မြို့ထဲမှာတော့ နိမ့်တဲ့နေရာတွေ ရေမြုပ်နေပြီ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေကတော့ ရွှေ့ပြောင်း တာတွေပြုလုပ်ပေးနေတယ်”လို့ မော်လမြိုင်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မိုးရွာသွားမှုများတာကြောင့် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နဲ့ မုဒုံ၊ သံဖြူဇရပ်သွားတဲ့ ကားလမ်းပေါ်ရေကျော်ပြီး သွားလာရေးခက်ခဲနေတယ်လို့ ဆိုပါတယ်။
ချောင်းဆုံမြို့နယ်ဘက်မှာ မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တချို့ ပြိုကျပြီး အမိုးလန်တာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။