ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

အမေရိကန်နဲ့ နေတိုးမဟာမိတ်တွေက ယူကရိန်းကို ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက် နိုင်ငံထုတ် တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုရင် ရုရှားက နည်းလမ်းအမျိုးမျိုးနဲ့ လက်တုံ့ပြန် မယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

“ရုရှားပိုင်နက်ကို တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်လာရင် ဘယ်လို တုံ့ပြန်ရမလဲဆိုတာ ရု ရှား ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေပါတယ်” လို့ ပူတင်က နိုင်ငံပိုင်ရုပ်သံကို ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကန့်သတ်ဖို့ ရုရှားနိုင်ငံအတွင်းပိုင်းကို အမေရိကန်လုပ် ATACMS နဲ့ ဗြိတိန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခွင့်ပြုဖို့ သမ္မတ ဇီလန် စကီးက မဟာမိတ်တွေကို တောင်းဆိုနေတာ လချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကို တာဝေးပစ်လက်နက်တွေထောက်ပံ့ရင် စစ်ပွဲမှာ တိုက်ရိုက် ပါဝင်တာဆိုတဲ့ ယခင်ထုတ်ပြန်ချက်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နားထောင်ခြင်း ရှိ မရှိ ပူတင်ကို မေးမြန်းခဲ့ပါတယ်။

“ကျွန်တော့်သတိပေးချက်ကို သူတို့ကြားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အတွက်လည်း ဆုံး ဖြတ်ချက်အချို့ ချမှတ်ရမှာဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ဘယ်အချိန်မှာ သို့မဟုတ် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတိအကျပြောဖို့ စောလွန်းသေးပေမယ့် တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားကို တိုက်ခိုက်ခွင့်ပြုရင် မော်စကို သေချာပေါက် လက်တုံ့ပြန်မယ်လို့ သူ က ဆိုပါတယ်။

“အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို ယူကရိန်းတပ်ဖွဲ့တွေ ချည်းသက်သက် ကိုင်တွယ်နိုင်စွမ်းမရှိပါဘူး” လို့ ပူတင်က ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Putin: We will respond if Ukraine allowed to make long-range strikes in Russia

#Ayeyarwaddy_Times