ဧရာဝတီတိုင်းမ်
အောက်တိုဘာ၂၈ ရက်

အမေရိကန်ရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကို တရုတ်က ရှုတ်ချခဲ့ပြီး နာရီအနည်းငယ်အ ကြာမှာ ပူးတွဲကင်းလှည့်ဖို့ ဂျက်တိုက်လေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တေွ စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

တရုတ်ရဲ့ စစ်သင်္ဘောတွေနဲ့ (၄) နာရီကြာ ပူးတွဲကင်းလှည့်မှုအဖြစ် ဂျက်တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် တရုတ်လေယာဉ် (၁၉) စင်းကို ရှာဖွေဖော်ထုတ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

“ထိုင်ဝမ်စစ်တပ်ဟာ ပူးတွဲ ထောက်လှမ်းမှု၊ ကင်းလှည့်မှု၊ စောင့်ကြည့်စနစ်တွေနဲ့အတူ အခြေအ နေကို အနီးကပ် စောင့်ကြည့်နေပြီး သင့်တော်သလို တုံ့ပြန်ဖို့ လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ဒုံးကျည် စနစ်တွေ ဖြန့်ကြက်ခဲ့ပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်က ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချတာဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ချိုးဖောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေကာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကို ပျက်ပြားစေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်လက်နက်ရောင်းချမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ကာကွယ်ရေးစွမ်းရည် တိုးတက်စေမှာ ဖြစ်သလို ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းစေမယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်သင်္ဘော တွေ နေ့စဉ် စေလွှတ်သလို ပြီးခဲ့တဲ့လက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမယ့် အဓိက စစ်လက် နက်တွေ ထောက်ပံ့သူဖြစ်ပါတယ်။

ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုအတွက် အမေရိကန်နိုင်ငံရဲ့ အတည်ပြုမှုကို လက်တုံ့ပြန်မှုအ ဖြစ် တရုတ်နိုင်ငံက စက်တင်ဘာလအတွင်း အမေရိကန် စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ကိုးကား – Hong Kong Free Press
Ref; Taiwan says China deployed jets and drones after latest US arms sales

#Ayeyarwaddy_Times