
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့၀င် တံတားစစ်ဆေးရေးဂိတ်တွင်ရှိသော စစ်ကောင်စီနှင့်ရဲများက နေ့စဥ်ဖြတ်သန်းနေသော မော်တော်ယာဥ်များနှင့် ခရီးသည်များအား ခြိမ်းခြောက်ငွေတောင်းခြင်းများ နေ့စဥ်ပြုလုပ်နေကြောင်း သိရှိရသည်။
“ခရီးသည်အကုန်ဆင်းရတယ် မှတ်ပုံတင်မပါတဲ့သူဆို အနည်းဆုံး နှစ်သောင်းတောင်းတယ်။ တစ်ချို့မှတ်ပုံတင်မှာ ရုပ်ဝါးတာတို့ အသက်ကျော်တာတို့ဆို ငါးထောင်တောင်းတယ်။ အမြဲတမ်း မပေးပဲသွားရတဲ့နေ့ကိုမရှိတာ သက်သက်ပြသနာရှာပြီးတောင်းနေတာ”ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးမှဧရာ၀တီတိုင်မ်းကို ပြောသည်။
ခရီးသည်တင်ယာဥ်များနှင့်ကုန်တင်ယာဥ်များကိုလည်း ငွေတောင်းခံပြီး မပေးပါက သေနတ်ပြ ကာ အမျိုးမျိုးအကြောင်းပြ ခြိမ်းခြောက်ကာ အချိန်ကြန့်ကြာအောင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်တွင် ရဲနှင့်စစ်ကောင်စီတပ် ပူးပေါင်းထားရှိပြီး ခရီးသည်များကို စစ်ဆေးရာတွင် ငွေကြေးတောင်းခံခြင်းအပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများရှိသောကြောင့် ခရီးသွားအချို့က မြို့နယ်စစ်ကောင်စီထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း ခရီးသွားများက ပြောသည်။
#ဖျာပုံတံတားဂိတ် #စစ်ကောင်စီတပ်သား # #ခြိမ်းခြောက်ငွေတောင်း
#Ayeyarwaddy_Times