
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အတည်ပြုပြီးနောက် အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ကာကွယ်ဖို့ တန်ပြန်အစီအမံအားလုံး လုပ် ဆောင်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ထိုင်ဝမ်သို့ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ် အပါအဝင် ဒေါ် လာ (၂) ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အတည်ပြုခဲ့တယ်လို့ ပင်တဂွန်က အောက် တိုဘာလ ၂၅ ရက်မှာ ပြောပါတယ်။
စစ်လက်နက်ရောင်းချမှုကို အပြင်းအထန် ဆန့်ကျင်ပြီး အမေရိကန်နိုင်ငံသို့ ကန့်ကွက်ထားတယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၆ ရက်မှာ ပြောပါတယ်။
ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုနဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပျက်ပြား စေတဲ့ အန္တရာယ်ရှိသောလုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်းတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ဒီလအစောပိုင်းမှာ စစ်ရေးလေ့ကျင့်တာ အပါအဝင် ပြီးခဲ့သော (၅) နှစ်အတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ (၁၇) ကြိမ်မြောက် ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ရောင်းချမှုကို ထိုင်ဝမ်အ စိုးရက ကြိုဆိုခဲ့ပါတယ်။
“တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရတာကြောင့် ထိုင်ဝမ်က အမိမြေကို ကာကွယ်ရမယ့် တာ ဝန်ရှိသလို ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ သံန္နိဌာန်ချထားပါတယ်” လို့ ထိုင်ဝမ်အစိုးရက ပြောပါတယ်။
ကိုးကား – Reuters
Ref; China vows ‘countermeasures’ after US okays $2.6 billion arms sale to Taiwan
#Ayeyarwaddy_Times